DVB Logo
Home
နိုင်ငံတကာ
အမေရိကန်စစ်သား ၁ ဦး မြောက်ကိုရီးယားသို့ ထွက်ပြေး
DVB
·
July 19, 2023
အမေရိကန်စစ်သား ၁ ဦး မြောက်ကိုရီးယားသို့ ထွက်ပြေး
Donate to DVB

စစ်စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရတဲ့ အမေရိကန်စစ်သားတယောက်ဟာ ဇူလိုင် ၁၈ ရက်က မြောက်ကိုရီးယားနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးသွားခဲ့ပြီး သူ့ကို မြောက်ကိုရီးယားမှာ ထိန်းသိမ်းခံထားရတယ်လို့ ယူဆကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။

ကိုရီးယား နှစ်နိုင်ငံကြားက ပူးတွဲလုံခြုံရေးနယ်မြေကို ဦးတည်တဲ့ လေ့လာရေးခရီးကို လိုက်ပါလာတဲ့ အမေရိကန်စစ်သားဟာ ခွင့်ပြုချက်မရှိဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ဘက်ဆိုင်ရာ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ပြီး ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) ထဲကို ဝင်ရောက်သွားခဲ့တာကြောင့် သူ့အတွက် စိုးရိမ်ပူပန်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်က ဇူလိုင် ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားကနေ မြောက်ကိုရီးယားနိုင်ငံထဲကို တမင်တကာ ခိုးဝင်တယ်လို့ ယူဆရတဲ့ အဲဒီစစ်သားရဲ့ မိသားစုကို အကြောင်းကြားဖို့ အမေရိကန်စစ်တပ်က လုပ်ဆောင်ပေးနေတယ် လို့လည်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူ့တပ်ဖွဲ့ရဲ့ ကောင်းရာကောင်းကျိုးတွေနဲ့ ပတ်သက်လို့လည်း စိုးရိမ်မိပြီး နာရီပိုင်းအတွင်း သို့မဟုတ် နောက်ရက်တွေမှာ တိုးတက်မှုတွေရှိဖို့ မျှော်လင့်ထားကြောင်းလည်း ကာကွယ်ရေးဝန်ကြီး လွိုဒ် အော်စ်တင်က ပြောပါတယ်။

အင်္ဂါနေ့က မြောက်ကိုရီးယားနယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးခဲ့တဲ့ အမေရိကန်စစ်သားနဲ့ ပတ်သက်ပြီး ရိုက်တာက အထောက်အထားကို ချက်ချင်း အတည်မပြုနိုင်သေးပေမဲ့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိ ၂ ဦးကတော့ အဲဒီစစ်သားဟာ အမေရိကန်စစ်တပ်ရဲ့ စည်းကမ်းပိုင်းဆိုင်ရာအရ အရေးယူခံနေရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ ဝါရှင်တန်အတွက် နျူးကလီးယားလက်နက်နိုင်ငံနဲ့ ဆက်ဆံရာမှာ အကျပ်အတည်း အသစ်အဆန်းတခုကို ဖန်တီးလိုက်တာပဲလို့လည်း ဆိုပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013