DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
DVB
·
July 19, 2023
ပါကစ္စတန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
Donate to DVB

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့မှာ ဇူလိုင် ၁၈ ရက်က အရန်စစ်တပ်ရဲ့ မော်တော်ကားတစီးအနီး အသေခံဗုံးခွဲခံရပြီး တိုက်ခိုက်သူ အပါအဝင် လူ ၂ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

ပက်ရှ်ဝါ ရဲလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကြီးတန်းအရာရှိ ဟာရွန်းရာရှီးက “ဒီပေါက်ကွဲမှုမှာ အရန်တပ်ဖွဲ့က ယာဉ်တစီးကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာဖြစ်တယ်။ အခုချိန်ထိ အကဲဖြတ်ရသလောက် ယာဉ်ပေါ်မှာ ဖောက်ခွဲရေးကိရိယာ တပ်ဆင်ထားတာ ဖြစ်နိုင်တယ်၊ တခြားရှုထောင့်တွေကလည်း စုံစမ်းစစ်ဆေးနေတယ်”လို့ ပြောပါတယ်။

ဒီဖြစ်ရပ်ကို ရှုထောင့်အမျိုးမျိုးကနေ စုံစမ်းစစ်ဆေးဖို့ အကြမ်းဖက်မှုတန်ပြန်ရေးဌာန၊ နယ်မြေရဲတပ်ဖွဲ့နဲ့ တခြားအေဂျင်စီတွေကနေ ပံ့ပိုးမှုတွေ ရရှိထားတယ်လို့လည်း သူက ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ အရန်တပ်ဖွဲ့က အဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ သူတို့ကို ဆေးရုံပို့ထားပြီး ဆေးကုသမှု ခံယူနေကြောင်း ရဲအရာရှိ ဟာရွန်း ရာရှီးက ပြောပါတယ်။

အသစ်ဖွဲ့စည်းတည်ထောင်ထားတဲ့ တယ်ရစ်ခ်-အီ-ဂျီဟတ် ပါကစ္စတန်ဆိုတဲ့ ဂျီဟတ်ဝါဒီ အဖွဲ့က ဒီဗုံးပေါက်ကွဲမှုအတွက် သူတို့မှာ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရုပ်သိမ်းပြီးနောက်ပိုင်းကတည်းက တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာခဲ့ပါတယ်။

အခုနှစ် အစောပိုင်းကလည်း ပက်ရှ်ဝါမြို့ရှိ ဗလီတခု ဗုံးခွဲတိုက်ခိုက်ခံရပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013