
ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆယ်ဒိုအတွက် ပေါင်သန်း ၇၀ နဲ့ ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပါတယ်။
ဘရိုက်တန်အသင်းဟာ ကိုင်ဆယ်ဒိုအတွက် ပေါင်သန်း ၁၀၀ နီးပါး အလိုရှိနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းချက်နဲ့ ကွာဟမှုရှိနေဆဲဖြစ်လို့ ဆွေးနွေးညှိနှိုင်းသွားရဖို့ ရှိပါတယ်။
ဘရိုက်တန်အသင်းဘက်ကလည်း ချဲလ်ဆီးနောက်ခံလူ ကိုးလ်ဝဲလ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ကိုင်ဆယ်ဒို အပြောင်းအရွှေ့မှာ ပါဝင်ပတ်သက်ဖို့ ရှိပါတယ်။
ချဲလ်ဆီးဘက်ကတော့ အင်္ဂလန်ယူ ၂၁ အသင်းနဲ့အတူ ဥရောပချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့ ကိုးလ်ဝဲလ်ကို ရောင်းချမှာမဟုတ်ဘူးလို့ သိရပါတယ်။
ချဲလ်ဆီးနဲ့ ဘရိုက်တန်အသင်းတို့ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရာသီကြို ခြေစမ်းပွဲစဉ် ကစားဖို့ရှိပြီး အဲဒီပွဲမတိုင်ခင်မှာလည်း အပြောင်းအရွှေ့ကိစ္စတွေ အပြန်အလှန် ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သိရပါတယ်။










