DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် တတိယတန်းကျောင်းသူအား ပြန်ပေးဆွဲခဲ့သည့် လင်မယား ဖမ်းမိ
DVB
·
July 18, 2023
အင်းစိန်တွင် တတိယတန်းကျောင်းသူအား ပြန်ပေးဆွဲခဲ့သည့် လင်မယား ဖမ်းမိ
Donate to DVB

.

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ဇူလိုင် ၁၇ ရက် မနက်ကိုးနာရီက တတိယတန်းကျောင်းသူတဦးကို ပြန်ပေးဆွဲပြီး သိန်း ၈၀၀ နဲ့ ပြန်ရွေးခိုင်းခဲ့တဲ့ လင်မယားနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ မနက်ကိုးနာရီခွဲက အင်းစိန်မြို့နယ် ကွက်သစ်ရပ်ကွက် အ-မ-က ၁၂ ကျောင်းမှာ ကျောင်းတက်နေတဲ့ တတိယတန်းကျောင်းသူတဦးကို အုပ်ထိန်းသူဟန်ဆောင် လိမ်ခေါ်သွားပြီး သိန်း ၈၀၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကောင်မလေးကို ကျောင်းမှာလိမ်ပြီးလာခေါ်သွားတာ၊ ကျောင်းကလည်း ထည့်လိုက်တယ်။ ကျောင်းလွတ်တဲ့အချိန်မှ သူ့အဒေါ်ကသိတာ လာကြိုတော့ ကလေးမရှိတော့ဘူး။ ပြန်ပေးသမားက ကျောင်းကို ဖုန်းနံပါတ်ပေးခဲ့တယ်၊ သူ့အဒေါ်က ဆက်တော့ သိန်း ၈၀၀ နဲ့ ရွေးခိုင်းတယ်၊ ညနေကျတော့ ပြန်ပေးဆွဲတဲ့လင်မယားကို မိသွားတယ်။" 

မွန်းတည့် ၁၂ နာရီလောက် အဒေါ်ဖြစ်သူ ကလေးကျောင်းလာကြိုရာမှာ မတွေ့လို့ မေးမြန်းရာမှ ကလေးကို ပြန်ပေးဆွဲခံရတာသိရပြီး ပြန်ပေးဆွဲသူက သိန်း ၈၀၀ တောင်းတာကို ညှိနှိုင်းခဲ့ရာမှာ သိန်း ၂၅၀ အဆင်ပြေခဲ့ပြီး ငွေတချို့တဝက် လွှဲပေးစဥ် ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ပထမသိန်း ၈၀၀ တောင်းတယ်၊ မြောက်ဥက္ကလာ ၂ စျေးမှာ လာရွေးခိုင်းတာ။ သူ့အဒေါ်က သိန်း ၃၀၀ ပဲရှိတယ်ပြောတော့ ဖုန်းချသွားတယ်။ ၁၂ နာရီလောက်မှာ ပြန်ပေးဆွဲတဲ့သူက ပြန်ဆက်တယ် သိန်း ၂၅၀ နဲ့တည့်သွားတယ်။ ၅ သိန်းတကြိမ်၊ ၁၅ သိန်းတကြိမ်လွှဲပေးပြီးပြီ။ ငွေထုတ်မရလို့ ပြန်ပေးသမားက ငွေအကုန်လာရွေးခိုင်းတဲ့အချိန်ဖမ်းမိတာ၊ ညနေ ၃ နာရီလောက်မှာ။" 

ပြန်ပေးဆွဲတဲ့လင်မယားနှစ်ဦးက ညနေ ၃ နာရီမှာ ကလေးကို ရွာမအနောက်ရပ်ကွက် ဆရာတော်ကြီးကျောင်းမှတ်တိုင်အနီး သိန်း ၂၅၀ နဲ့ လာရောက်ရွေးယူခိုင်းပြီး ရဲတွေကိုတွေ့လို့ ကလေးထားပြီးထွက်ပြေးရာ ရွာမအနောက်ရပ်ကွက်၊ နယ်မြေ ၇ ကျောင်းလမ်းမှာ ဖမ်းမိခဲ့တယ်လို့ ရဲအရာရှိနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။

"သူတို့လင်မယားဖုန်းထဲမှာ ငွေလွဲဝင်တာတွေ ဖုန်း call တွေ တွေ့တယ်။ ကလေးကလည်း သိနေတယ်၊ စခန်းမှာ စစ်ဆေးနေတယ်။" 

ပြစ်မှုကျူးလွန်သူတဲ့ ရွာမအနောက်ရပ်ကွက်၊ နယ်မြေ ၇ ကျောင်းလမ်းနေသူ ကိုရဲသီဟ နဲ့ မြတ်ဖူးဝေတို့နှစ်ဦးကို အင်းစိန်မြို့မရဲစခန်းမှ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013