DVB Logo
Home
Lead Story
ကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် ငါတို့ ဘာတွေလုပ်ပေးနိုင်မလဲ
DVB
·
July 18, 2023
ကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် ငါတို့ ဘာတွေလုပ်ပေးနိုင်မလဲ
Donate to DVB

စင်ကာပူနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေဟာ အနှစ် ၂၀ ကျော်အတွင်း အမြင့်ဆုံးအဆင့်ကို မြင့်တက်လာတာ‌ကြောင့် ကျောင်းတွေဟာ စိတ်ကျန်းမာရေးပညာပေးတဲ့နေရာမှာ ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာကို လေ့လာဖို့ အချိန်တန်ပြီလို့  အန်သီရာအွန်က ပြောပါတယ်။

စင်ကာပူမှာ ၂၀၂၂ ခုနှစ်က ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၄၇၆ မှုမှာ ၃၄ ယောက်ဟာ အသက် ၁၀ နှစ်က ၁၉ နှစ်ကြား လူငယ်တွေဖြစ်တယ်လို့ ဇူလိုင် ၃ ရက်က စင်ကာပူ Samaritans (SOS) ရဲ့ နောက်ဆုံးအချက်အလက်တွေအရ သိရပါတယ်။

စင်ကာပူမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဟာ ၂၀၂၂ ခုနှစ်က ၂၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အနှစ် ၂၀ ကျော်အတွင်း သူတို့ရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်သွားပါတယ်။ လူငယ်စိတ်ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေတဲ့အတွက် ကျောင်းတွေဟာ အသိပညာနဲ့ ပံ့ပိုးမှုတွေ တိုးမြှင့်လုပ်ဆောင်လာကြပါတယ်။

စိတ်ကျန်းမာရေးသင်ခန်းစာတွေကို ၂၀၂၁ ခုနှစ်မှာ အလယ်တန်း အငယ်ကျောင်းသား‌တွေ အားလုံးအတွက် ပြန်လည်ဆန်းသစ်ထားတဲ့ Character and Citizenship Education (CCE) သင်ရိုးညွှန်းတမ်းရဲ့ တစိတ်တပိုင်းအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသင်ခန်းစာတွေကို ၂၀၂၃ ခုနှစ်မှာတော့ ကျန်မူလတန်း၊ အလယ်တန်းနဲ့ တက္ကသိုလ်အကြိုအဆင့်တွေအထိ အဆင့်ဆင့် ပြောင်းလဲသင်ကြားနေပါတယ်။

ကျောင်း‌တွေအားလုံးဟာ ၂၀၂၂ ခုနှစ်ကစပြီး သက်တူရွယ်တူ ထောက်ပံ့ရေး အဖွဲ့အစည်းတွေကို ထူထောင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန (MOE) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပါလီမန်မှာ ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့တဲ့ ဒီစနစ်ကျတဲ့ မူဝါဒ အပြောင်းအလဲကြောင့် မဖြစ်မနေ စိတ်ကျန်းမာရေး ပညာပေးဖို့အတွက် စိတ်အားထက်သန်နေသလို အစပျိုးမှုတွေကို အမီလိုက်ရုံသာ လုပ်ဆောင်နေခြင်းကိုလည်း စိုးရိမ်မိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ မသေချာ မရေရာတဲ့ ကမ္ဘာကြီးဟာ အရင်ကရှိပြီးသား စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ချဲ့ထွင်ကာ အသစ်အသစ်တွေကိုလည်း မိတ်ဆက်ပေးနေပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ National University of Singapore (NUS) ရဲ့ လေ့လာမှုတခုအရ အသက် ၁၀ နှစ်က ၁၈ နှစ်ကြား ဆယ်ကျော်သက် ၃ ဦးမှာ ၁ ဦးဟာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ အထီးကျန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ လက္ခဏာတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ကပ်ရောဂါကာလအတွင်း ဆယ်ကျော်သက်အရွယ် ၃,၃၃၆ ဦးထံက အချက်အလက်တွေ စုဆောင်းထားတဲ့ Singapore Youth Epidemiology and Resilience Study အရ ဖြေဆိုသူ ၁၀ ဦးမှာ အနည်းဆုံး ၁ ဦးဟာ လက်ရှိ စိတ်ကျန်းမာရေး ချို့ယွင်းမှု တခုအတွက် ရောဂါရှာဖွေရေး စံနှုန်းတွေနဲ့ ကိုက်ညီနေပါတယ်။

ရိုးရိုးရှင်းရှင်းပြောရရင် ကျောင်းသား ၄၀ ရှိတဲ့ အတန်းမှာ ၁၂ ဦး ဒါမှမဟုတ် အဲ့ဒါထက်မကတဲ့ ကျောင်းသားတွေဟာ စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရုန်းကန်နေရပြီး သူတို့ထဲက ၄ ဦးမှာ ဆေးဘက်ဆိုင်ရာ အကူအညီ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ကျန်းမာရေး ချို့ယွင်းမှုတွေနဲ့ အသက်ရှင်နေရပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု

MOE ရဲ့ အဆိုအရ ပြန်လည်ဆန်းသစ်ထားတဲ့ CCE သင်ခန်းစာတွေဟာ ကျောင်းသားတွေကို သူတို့ရဲ့ စိတ်ကျန်းမာရေးကို အားကောင်းလာစေဖို့နဲ့ စိတ်ဆင်းရဲမှုနဲ့ စိတ်ရောဂါရဲ့ လက္ခဏာတွေကို ဘယ်လို ရှာဖွေဖော်ထုတ်နိုင်တယ်၊ သင့်လျော်တဲ့ အကူအညီကို ဘယ်လိုနေရာမှာ ရှာရမယ် ဆိုတာကို သိရှိနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

စိတ်ကျန်းမာရေးအပြင် CCE သင်ရိုးညွှန်းတမ်းဟာ အမျိုးသားပညာရေး၊ လိင်ပိုင်းဆိုင်ရာ ပညာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းညွှန်မှု၊ ဆိုက်ဘာကျန်းမာရေးနဲ့ မိသားစုပညာရေး စတဲ့ အကြောင်းအရာများစွာ ပါဝင်ပါတယ်။

အေးချမ်းတဲ့ စာသင်ကျောင်းများ၊ အေးချမ်းတဲ့ စိတ်ထားတွေအတွက် အေးချမ်းတဲ့ အခန်းများ

ကျောင်းသား‌တွေဟာ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုများစွာကို ရင်ဆိုင်နေကြရပါတယ်။ စုဝေးစဉ်အတွင်း နက်ရှိုင်းတဲ့ အသက်ရှူလေ့ကျင့်ခန်းတွေနဲ့ ကျောင်းသားတွေကို သူတို့ကိုယ်သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်တဲ့နေရာမှာ ကူညီဖို့ ကျောင်းတွေအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။

ဆရာတွေဟာလည်း ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုကို ပြန်လည်သတ်မှတ်ဖို့နဲ့ သင်ကြားမှု ပြင်းထန်မှုကြားမှာ သူတို့ကိုယ်သူတို့ ပြန်လည်ဗဟိုပြုနိုင်ဖို့ အထောက်အကူဖြစ်စေဖို့အတွက် အတန်းတိုင်းကို ပြင်းပြင်းထန်ထန် အသက်ရှူခြင်း ၃ ချက်နဲ့ စတင်နိုင်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က ကျောင်းခရိုင်တခုမှာ ကျောင်းသားတွေကို သူတို့ရဲ့ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းဖို့ လုံခြုံတဲ့နေရာပေးတဲ့ “ငြိမ်သက်နေသောအခန်းများ” လို့ခေါ်တဲ့ “ကျန်းမာရေးစင်တာများ” နဲ့ စမ်းသပ်မှုတခုဟာ သူတို့ရဲ့ စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေကြောင်း ပြသခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၁၁ တန်းကျောင်းသားဦးရေရဲ့ ၁၁ ရာခိုင်နှုန်းနဲ့ ပြည်နယ်တဝန်းက ၇ တန်းကနေ ၁၂ တန်းအထိ ကျောင်းသားအတွက် ၁၆ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သတ်သေဖို့စဉ်းစားတဲ့ ကျောင်းသားဦးရေ နည်းပါးသွားပါတယ်။

ဒီလိုအခန်းတွေဟာ ကျောင်းသားတွေရဲ့ ခံစားချက်ကို ခွဲခြားသိမြင်နိုင်စေဖို့နဲ့ ပြန်လည်သုံးသပ်နိုင်စေဖို့ အထောက်အကူဖြစ်စေဖို့အတွက် ပျော့ပျောင်းတဲ့ထိုင်ခုံနဲ့ အလင်းရောင်‌တွေ ပါရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအခန်းတွေက သူတို့ကိုယ်သူတို့ ဒါမှမဟုတ် တခြားသူတွေကို အနှောင့်အယှက် အနည်းဆုံးနဲ့ အတန်းထဲကို ပြန်ဝင်နိုင်စေဖို့ မိမိကိုယ်ကို ထိန်းညှိလေ့ကျင့်နိုင်တဲ့ လုံခြုံတဲ့နေရာတခု ပေးမှာဖြစ်ပါတယ်။

လက်တွေ့ကျတဲ့ အတိုင်းအတာအထိ ကျောင်းသား‌တွေဟာ ပိုင်ဆိုင်မှုနဲ့ အသုံးပြုမှုကို အားပေးဖို့အတွက် ငြိမ်သက်တဲ့အခန်းတွေ ဖန်တီးရာမှာ ပါဝင်သင့်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကပ်ရောဂါကာလအတွင်း ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ Cedar Girls အလယ်တန်းကျောင်းရဲ့ ခေါင်းဆောင်ကို ငြိမ်သက်ခန်းတခုအတွက် စတင်လှုံ့ဆော်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာ ဥယျာဉ်အပြင် ကျောင်းက အထူးနေရာတခုကို တွေ့ရှိခဲ့ပြီး သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ ပံ့ပိုးမှုအရင်းအမြစ်‌တွေအတွက် ရပ်ရွာနဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေး ပညာရေးဟာ ကျောင်းရဲ့တာဝန်တခုတည်း မဟုတ်ပါဘူး

လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ပညာရေးဝန်ကြီးဌာန (MOE) ဒါမှမဟုတ် ကျောင်းတခုတည်းရဲ့တာဝန် မဖြစ်နိုင်ပါဘူး။ ကျောင်းသားတွေက သူတို့ရဲ့ မိသားစု အိမ်ကိုလည်း ပြန်ကြပါသေးတယ်။

NUS လူငယ်များ ခံနိုင်ရည်ရှိမှု လေ့လာမှုအရ မိဘ ၁၀ ယောက်မှာ ၁ ယောက်ပဲ သားသမီးတွေရဲ့ ဆေးခန်းအဆင့် စိတ်ကျန်းမာရေး လက္ခဏာတွေကို တွေ့ရှိနိုင်ပါတယ်။ လေ့လာမှုမှာ မိဘတွေဟာ သူတို့ကလေးတွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်ချက်တွေကို နားလည်သဘောပေါက်ပြီး ခွဲခြားသတ်မှတ်တဲ့နေရာမှာ ပိုမိုနက်ရှိုင်းစွာ ပါဝင်ဖို့ လိုအပ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

လေ့လာမှုကို ဦးဆောင်သူ NUS ရဲ့ Yong Loo Lin ဆေးကျောင်းက တွဲဘက်ပါမောက္ခ ဂျွန်ဝေါင်းက “ကျနော်တို့ မိဘတော်တော်များများက ဆယ်ကျော်သက်တွေကို ကောင်းကောင်း မသိကြဘူး” လို့ ဆိုပါတယ်။

ကွယ်လွန်သူ ဆွစ်ဇာလန် စိတ်ရောဂါပညာရှင် ကားလ်ဂျန်က ကလေးတွေမှာ မိဘတွေ ပြောင်းလဲလိုတဲ့ တစုံတရာ ရှိမယ်ဆိုရင် ဦးစွာ စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။

ကပ်ရောဂါမှတဆင့် WorkWell Leaders က CEO အနည်းငယ်ဟာ သူတို့ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပံ့ပိုးမှုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

MOE၊ မိသားစုနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (MSF) နဲ့ အလုပ်ရှင်တွေအကြား အလုပ်ရှင်တွေအနေနဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ဖို့ ကျွမ်းကျင်မှုနဲ့ အရင်းအမြစ်တွေနဲ့ အလုပ်လုပ်နေတဲ့ မိဘတွေကို ပံ့ပိုးကူညီ ပေးနိုင်ပါတယ်။

ကျောင်းသားဟောင်းတွေနဲ့ မိဘပံ့ပိုးကူညီရေးအဖွဲ့ (PSG) တွေကလည်း သူတို့အဖွဲ့ဝင်‌တွေ အတွက် စိတ်ကျန်းမာရေး စာတတ်မြောက်မှုကို တိကျပြတ်သားစွာ ဦးစားပေးလုပ်ဆောင်ဖို့နဲ့ ကျောင်းသားတွေအတွက် စိတ်ကျန်းမာရေးဆိုင်ရာ သင်ယူမှု အခွင့်အလမ်းတွေကို ပံ့ပိုးပေးဖို့အတွက် ရပ်ရွာပါတနာတွေဆီ ပို့ဆောင်ဖို့လည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

“ငါတို့ရဲ့လူငယ်တွေအတွက် အနာဂတ်ကို အမြဲတမ်း မတည်ဆောက်နိုင်ပေမဲ့ အနာဂတ်အတွက် ငါတို့လူငယ်တွေကို တည်ဆောက်နိုင်ပါတယ်” လို့ နာမည်ကြီး ဖရန်ကလင်းရုစဗဲ့က က ဆိုပါတယ်။ ကြီးကောင်ဝင်စအချိန်ဟာ ထူးခြားပြီး ပုံစံကျတဲ့အချိန် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဓိပ္ပာယ်ရှိရှိ တည်ဆောက်တာဟာ လူငယ်တွေရဲ့ သုခချမ်းသာအတွက် အရေးကြီးပါတယ်။

သက်တူရွယ်တူ ပံ့ပိုးကူညီမှုကွန်ရက်တွေနဲ့ CCE သင်ခန်းစာတွေအပြင် ကလေးတွေအတွက် မိသားစု၊ ကျောင်းနဲ့ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေမှာ စိတ်ကျန်းမာရေး ပညာပေးမှုဟာ ကလေးတွေရဲ့ အနာဂတ်အတွက် ဦးစားပေးမှု ပမာဏနဲ့ ဖြစ်လာမယ့် လူ့အဖွဲ့အစည်းကို အရေးတကြီး ရင်းနှီးမြှုပ်နှံထားဝာာထက်ကို ကျော်လွန်ပါတယ်။

ကျောင်းတိုင်း ကျန်းမာရေး မြှင့်တင်ရေးကျောင်း ဖြစ်ပါစေ။

လီလီ

(စင်ကာပူအခြေစိုက် CNA သတင်းဌာနမှာ Anthea Ong ရေးသားထားတဲ့ Mental health education - what more can we do for our children? ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013