
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ်က စားသောက်ဆိုင်တဆိုင်မှာ ဇူလိုင် ၁၇ ရက်က ပေါက်ကွဲမှုတခုကြောင့် လူတဦးသေဆုံးပြီး တခြားတဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့လက အလားတူ မတော်တဆဖြစ်အပြီး ဟင်းချက်ဓာတ်ငွေ့ကန်တွေ ဘေးကင်းရေးနဲ့ ပတ်သက်ပြီး လူအများက စိုးရိမ်လာခဲ့ကြပါတယ်။
ဇူလိုင် ၁၇ ရက် မနက် ၆ နာရီလောက်က အသားကင် စားသောက်ဆိုင်က တိုင်ကီတလုံး ပေါက်ကွဲခဲ့တယ်လို့ ကျန်းဟူခရိုင် ယန်ချောင်မြို့ အာဏာပိုင်တွေက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စားသောက်ဆိုင်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဇွန်လအတွင်းကလည်း အနောက်မြောက်ပိုင်း နင်းရှားဒေသမှာ ဓာတ်ငွေ့ပေါက်ကွဲလို့ လူ ၃၁ ဦး သေဆုံးခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း လူအသေအပျောက်အများဆုံး ပေါက်ကွဲမှုတွေထဲက တခုဖြစ်လာပါတယ်။
နိုင်ငံတဝန်း ဘေးကင်းရေး အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မတ ရှီကျင့်ဖျင်က တာဝန်ရှိသူတွေကို အမိန့်ပေးခဲ့ပါတယ်။
သီတင်းတပတ်အတွင်း စားသောက်ဆိုင်ပေါက်ကွဲမှု တခြားနှစ်ခုလည်း ဖြစ်ပွားခဲ့သေးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source - Reuters










