DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အိမ်အငှားနှင့် အဆောင်ခ ထပ်မံဈေးတက်
DVB
·
July 18, 2023
ရန်ကုန်တွင် အိမ်အငှားနှင့် အဆောင်ခ ထပ်မံဈေးတက်
1 / 4
Donate to DVB

ရန်ကုန်ရှိ မြို့နယ်တွေမှာ ၂၀၂၃ ခု ဇွန်နဲ့ ဇူလိုင်လက စပြီး အိမ်ငှားခ၊ အဆောင်ခတွေရဲ့ လစဉ်ငှားရမ်းခဈေးတွေ တက်လာတာကြောင့် နေထိုင်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

၂၀၂၃ ဧပြီလက ဝန်ထမ်းတွေ လစာတိုးမယ်ဆိုတဲ့ ကောလာဟလကြောင့် စက်ရုံအလုပ်ရုံ အများအပြားရှိတဲ့ မြို့နယ်တွေက အဆောင်ခ၊ အိမ်ငှားခတွေပါ ဈေးတက်ခဲ့တယ်လို့ ဆိုကြပါတယ်။ 

လှိုင်သာယာမြို့နယ်က အဆောင်ခတွေဟာ သုံး‌ယောက် နေထိုင်ရတဲ့ တခန်းကို ကျပ် ၅ သောင်းကနေ ၇ သောင်းအထိ ရှိခဲ့ပြီး ဇူလိုင်လဆန်းက စလို့ ကျပ်ငွေ ၁ သောင်းခန့်အထိ အိမ်ရှင်တွေဘက်က တိုးတောင်းလာတယ်လို့ အဆောင်နေထိုင်သူတဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ် အဆောင်နေထိုင်သူတဦးက “၂၀၂၂ ဒီလို မိုးတွင်းလောက်က တလကို ၅ သောင်း၊ ၃ ယောက်အထိ နေလို့ရတယ်။ စက်ရုံတွေက လူလျော့တဲ့အချိန်တို့၊ ရုံပိတ်တဲ့အခါတို့ဆို ငှားမယ့်သူတောင် မရှိဘူး။ နယ်ပြန်ကြတာ များတယ်။ အခုက တခန်းကို ၈ သောင်းဖြစ်သွားပြီ။ ညီမတို့ အဆောင်ဆို ဒီ ၇လပိုင်းကမှ ၁ သောင်းပိုယူတာ၊ ရေဖိုးက ၃၀၀၀၊ မီးဖိုးက ဆက်ဘ် မီတာနဲ့ ကိုယ်သုံးသလောက် ပေးရတယ်” လို့ ပြောပါတယ်။ 

အိမ်ဆောက်ပစ္စည်းဈေးတက်လာ‌တာကြောင့် အိမ်ခန်းနဲ့ အဆောင်ပြုပြင်ထိန်းသိမ်းခတွေ ‌ဈေးပိုကြီးတာလို့ သိရပြီး သက်ဆိုင်ရာ မြို့နယ်စည်ပင်နဲ့ ရပ်ကွက်ရုံးတွေကလည်း အဆောင်နဲ့ အိမ်အငှားပိုင်ရှင်တွေကို လစဉ်အကြောင်းမဲ့ ငွေတောင်းတာမျိုး ရှိတာကို ကြုံတွေ့နေရပါတယ်။

ကမာရွတ်မြို့နယ်ရှိ အိမ်ပွဲစားတဦးက “ဒီမှာတော့ ကျောင်းဖွင့်ချိန် တိုက်ခန်းငှားတာက ပိုသွက်တာပေါ့၊ Hall Type ဆို ပိုငှားကြတယ်၊ ပြီးမှ အခန်းဖွဲ့ပြီး သူတို့တွေ စုငှားကြတာ။ တချို့ဆို နိုင်ငံခြားသွားဖို့ ဂျပန်စာသင်တာတို့၊ ဖုန်းဆားဗစ် လာသင်တာတို့ဆို အေဂျင်စီဘက်ကနေ လချုပ်နဲ့ ငှားတာမျိုးတွေ ရှိတယ်။ ရပ်ကွက်ရုံးတွေက စာချုပ်ချုပ်ရင် အသိသက်သေအနေနဲ့ လက်မှတ် ထိုးပေးတယ်၊ ပိုက်ဆံတောင်းတယ်။ အင်းစိန်လမ်းမပေါ်ဆို ကားလမ်းနီး၊ အလုပ်နီး၊ သင်တန်းနီးတဲ့နေရာဆို အထပ်ပေါ် မူတည်ပြီး ၆ သိန်း၊ ၁၀ သိန်းလောက်အထိ ငှားကြတယ်။ အောက်ထစ်က ၃ သိန်းအထိပဲ၊ ရုံးကိုတော့ အိမ်ရှင်တွေဘက်က ပေးရတာ။ ပြင်ဆင်ခ၊ သန့်ရှင်းရေး၊ စည်ပင်၊ ရုံးစရိတ်၊ ပွဲစားခပါ ပေါင်းတော့ တခန်းကို ၃၊ ၄ သောင်းလောက် ပိုသွားတာ” လို့ ပြောပါတယ်။

အိမ်၊ အဆောင်ငှားရမ်းခတွေ ဈေးတက်လာပေမဲ့ အလုပ်လုပ်ကိုင်သူတွေရဲ့ လုပ်ခလစာ တိုးမြင့် ရတာမျိုးတွေ မရှိသလောက် နည်းပါးတာကြောင့် ၃ ယောက်နေရမယ့် အခန်းမှာ လူပိုပြီး နေထိုင်တာ၊ မြို့နယ်အစွန်ကို ပြောင်းရွှေ့ငှားရမ်းရတာမျိုးတွေ ရှိနေတဲ့အပြင် အိမ်ခန်း၊ အဆောင်နေထိုင်သူတွေရဲ့ အချက်အလက်အပြည့်အစုံနဲ့ ဓာတ်ပုံကိုပါပြပြီး စစ်ကောင်စီ ရပ်ကွက်ရုံးတွေမှာ အခကြေးငွေပေးပြီး ဧည့်စာရင်းတိုင်ကြားနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013