
ဇူလိုင်လထဲမှာ တောင်ကိုးရီးယားနိုင်ငံအတွင်း ပူပြင်းတဲ့ အပူချိန်နဲ့ မိုးရွာသွန်းမှုတို့ကြောင့် ဟင်းသီးဟင်းရွက်တွေစိုက်ပျိုး ဖြန့်ဖြူး ထုတ်လုပ်မှုအပေါ် ဆိုးဆိုးရွားရွားထိခိုက်ခဲ့လို့ ဒေသထွက် ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေ ပိုမိုမြင့်တက်သွားပါတယ်။
ကိုရီးယား စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့်စားနပ်ရိက္ခာကုန်သွယ်မှုကော်ပိုရေးရှင်းက စနေနေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ နိုင်ငံရဲ့အဓိက လယ်ယာထွက်ကုန် ၁၉ မျိုးရဲ့ ဈေးနှုန်းတွေ တလထက်တလ ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။
အချက်အလက်တွေအရ ဟင်းနုနွယ်ရွက်နဲ့ ဂေါ်ဖီထုပ် ဈေးနှုန်းတွေဟာ တစ်လကို ၉၀ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၅၁ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့တာပါ။
ဟင်းသီးဟင်းရွက်တွေ ဈေးတက်တာကို ရင်ဆိုင်နေရတဲ့ ဒေသခံတွေဟာ ခုတော့ လက်ကား ဈေးတွေမှာ ဟင်းသီးဟင်းရွက်တွေ လာရောက် ဝယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ နောက်ဆုံးပတ်အတွင်း မိုးရွာသွန်းမှုကြောင့် စပါးစိုက်ခင်းနဲ့ ပဲစိုက်ခင်းတွေ အပါအဝင် သီးနှံစိုက်ခင်း ဟက်တာ ၄၀၀၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနဲ့ စားနပ်ရိက္ခာ ဝန်ကြီးဌာနရဲ့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။
Source-Reuters