DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းခန့်ရှိလာ၊ အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
July 18, 2023
နိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းခန့်ရှိလာ၊ အရေးပေါ်အကူအညီ လိုအပ်နေ
Donate to DVB

ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းနီးပါးထိ ရှိလာနေပြီး အရေးပေါ် အသက်ကယ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ပြောပါတယ်။

အဆိုပါ ပြည်တွင်းနေရပ်စွန့်ခွာရသူတွေဟာ မရေရာတဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာလည်း အင်အားပြင်း မိုခါဆိုင် ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး ၂ လအကြာ မုန်တိုင်းဒဏ်သင့် ထိခိုက်ခံရသူတွေကို ကူညီထောက်ပံ့မှုတွေ တိုးချဲ့ပေးအပ်နိုင်ဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဘက်က လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို လက်ရှိထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်(TAs) တွေ ယာယီဆိုင်းငံ့ထားပြီး လူမှုကယ်ဆယ်ရေး အကူအညီတွေ ဖြန့်ဝေခွင့်နဲ့ ဝင်ရောက်ကူညီခွင့်အတွက် ကနဦးခွင့်ပြုချက်ကို ကန့်သတ်ထားတာက ပြည်နယ်တဝန်း ဆောင်ရွက်ဆဲ မိုခါမုန်တိုင်းတုံ့ပြန်ကူညီမှုလုပ်ငန်းတွေကို ထိခိုက်နေသလို ဒါက မုန်တိုင်းဒဏ်သင့်ဒေသခံလူထုရဲ့ ဆိုးရွားပြီးသား စားဝတ်နေထိုင်ရေးအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ ၂၀၂၃ ခုနှစ် ၆ လတာကာလအထိ ရောက်ရှိလာပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်နဲ့ မိုခါမုန်တိုင်း အရေးပေါ်တုံ့ပြန်မှု ပေါင်းစည်းမှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၆ ဒသမ ၇ သန်းက လိုအပ်နေတဲ့ ရန်ပုံငွေရဲ့ ၁၇ ရာခိုင်နှုန်းသာ ရရှိနေသေးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်  မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက အမေရိကန် ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေလိုအပ်နေတယ်လို့ UNOCHA Myanmar က ပြီးခဲ့တဲ့ မေလတုန်းက ထုတ်ပြန်ထားခဲ့တာပါ။

ဒီအကူအညီတွေကိုတော့ အင်အားပြင်း မိုခါဆိုင်ကလုန်းသင့်ဒဏ် အခံရဆုံးဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေက ထိခိုက်လွယ်သူတွေကို ထောက်ပံ့ကူညီရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကာ ရန်ပုံငွေ အရေးပေါ်ရရှိနိုင်ဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013