DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ဆောက်လက်စကျောင်းဝရန်တာ ပြိုကျပြီး မြန်မာအလုပ်သမား ၁ ဦးသေဆုံး
DVB
·
July 18, 2023
ဘန်ကောက်တွင် ဆောက်လက်စကျောင်းဝရန်တာ ပြိုကျပြီး မြန်မာအလုပ်သမား ၁ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇူလိုင် ၁၅ ရက်က ​ဆောက်လက်စ ကျောင်းဝရန်တာ ပြိုကျပြီး မြန်မာအလုပ်သမား ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန PPTV HD 36 မှာ ဖော်ပြပါတယ်။

​ဘန်ကောက်မြို့ ချောင်ကွန်ခရိုင် နဝမင်းလမ်းရှိ ကလေးထိန်းကျောင်း နှစ်ထပ်ဆောင် ပြုပြင်ဆောက်လုပ်နေစဥ် မြေပြင်မှ ၁၇ ကျော်မြင့်တဲ့ အပြင်ဘက်ဝရန်တာဘောင် မြန်မာလုပ်သား ၂ ဦး​အပေါ် ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ပြိုကျမှုဖြစ်ပြီးနောက် မြန်မာအလုပ်သမားတယောက် ခြေထောက်နှစ်ဖက်လုံး ကျိုးကြေသွားပြီး ပါးစပ်ကနေ သွေးအများအပြား ထွက်နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်နည်းနဲ့ ကယ်ဆယ်ပေမဲ့ သတိပြန်မရတော့ဘဲ သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် တခြားလုပ်သားတယောက်ကိုတော့ နုပ္ပါးဆေးရုံ ပို့ဆောင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှူးရဲ့ စုံစမ်းစစ်ဆေးမှုအရ မြန်မာအလုပ်သမားတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဝင်ရောက်လာတာ ၁၀ ရက်လောက်သာရှိသေးပြီး အလုပ်သမားတွေကို စာချုပ်တောင် မချုပ်ဆိုရသေးဘူးလို့ သိရပါတယ်။

ဒဏ်ရာရရှိတဲ့ အလုပ်သမားနဲ့ သေဆုံးခဲ့တဲ့ အလုပ်သမားတို့ရဲ့ မိသားစုဝင်တွေကို ‌လျော်ကြေး​ရရှိနိုင်ရေး စီမံဆောင်ရွက်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးက ညွှန်ကြားထားပါတယ်။

source. PPTVHD 36

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013