DVB Logo
Home
အားကစား
မက်ဆီ၏လုပ်ခလစာ ပွင့်လင်းမှုမရှိသည့်အပေါ်  မေဂျာလိဂ်အသင်းပိုင်ရှင်များ စိတ်ပျက်
DVB
·
July 18, 2023
မက်ဆီ၏လုပ်ခလစာ ပွင့်လင်းမှုမရှိသည့်အပေါ်  မေဂျာလိဂ်အသင်းပိုင်ရှင်များ စိတ်ပျက်
Donate to DVB

မက်ဆီရဲ့ လုပ်ခလစာကိစ္စ ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ်မှာ အမေရိကန်မေဂျာလိဂ်အ သင်းပိုင်ရှင်တွေကစိတ်ပျက်နေပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ အင်တာမိုင်ယာမီအသင်းမှာ တစ်နှစ်လုပ်ခ ကန်ဒေါ်လာသန်း ၅၀ ကနေ သန်း ၆၀ အထိရရှိမှာပါ။

ဒါပေမဲ့ အဲဒီလုပ်ခပမာဏထဲက ဒေါ်လာသန်း ၅၀ လောက်ကို လိဂ်ပြိုင်ပွဲရဲ့မီဒီယာပါတနာ Apple TV ကလည်းပံ့ပိုးကူညီမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုလိဂ်ပြိုင်ပွဲရဲ့ မီဒီယာပါတနာ Apple က ပံ့ပိုးသွားမဲ့အပေါ် အသင်းတွေနဲ့ လိဂ်ပြိုင်ပွဲ ရန်ပုံငွေအပေါ် အကျိုးသက်ရောက်မူရှိလာမှာကို ပြိုင်ပွဲဝင်အသင်းပိုင်ရှင်တွေက စိုးရိမ်နေကြတာပါ။

Apple TV ဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင့်ခွင့်အတွက် ၁၀ နှစ်ကြာစာချုပ်ချုပ်ဆိုထားပြီး အနည်းဆုံး ကန်ဒေါ်လာ ၂ ဘီလီယံခွဲအထိ တန်ဖိုးရှိစာချုပ်ဖြစ်ပါတယ်။

မေဂျာလိဂ် All Stars အသင်းဟာ အာဆင်နယ်နဲ့ ခြေစမ်းပွဲကစားဖို့နေပြီး အဲဒီပွဲမတိုင်ခင်မှာ အသင်းပိုင်ရှင်တွေအားလုံး အစည်းအဝေးတစ်ခုပြုလုပ်မှာဖြစ်ကာ မက်ဆီရဲ့စာချုပ်နဲ့လုပ်ခကိစ္စက ထိပ်တန်းဆွေးနွေးမှုဖြစ်လာလိမ့် မယ်လို့သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013