DVB Logo
Home
နိုင်ငံတကာ
ရေဒီယိုသတ္တိကြွရေဆိုးစွန့်မည့် ဂျပန်အစီအစဉ် တောင်ကိုရီးယား ကန့်ကွက်
DVB
·
July 17, 2023
ရေဒီယိုသတ္တိကြွရေဆိုးစွန့်မည့် ဂျပန်အစီအစဉ် တောင်ကိုရီးယား ကန့်ကွက်
1 / 3
Donate to DVB

တောင်ကိုရီးယားနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း အများအပြားဟာ မြို့တော် ဆိုးလ်မှာ ဇူလိုင် ၁၅ ရက်က စုဝေးခဲ့ကြပြီး ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ဓာတ်အားပေးစက်ရုံက ရေဒီယိုသတ္တိကြွ ရေဆိုးတွေကို ပစိဖိတ်သမုဒ္ဒရာထဲ စွန့်ပစ်မယ့် ဂျပန်ရဲ့အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ မေလကတည်းက ပင်လယ်ပြင်ဆီကို ရေဆိုးစွန့်ထုတ်မယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့ ပဉ္စမမြောက် အကြီးစားဆန္ဒပြမှု ဖြစ်ပါတယ်။

ဂျပန်ရဲ့ သန့်စင်ရေးစနစ်က ပုံစံထုတ်ထားတဲ့အတိုင်း အလုပ်ဖြစ်ခဲ့ရင် တောင်ကိုရီးယား နိုင်ငံပတ်လည်က ပင်လယ်တွေကို လေးလေးနက်နက် သက်ရောက်မှာမဟုတ်ဘဲ လက်ခံနိုင်တဲ့ စံချိန်စံညွှန်းထဲမှာပဲ ရေထုညစ်ညမ်းမှုအဆင့်က ရှိနေလိမ့်မယ်လို့ ဂျပန် ရေဆိုးစွန့်ထုတ်ရေး စီမံကိန်းရဲ့ ဘေးကင်းရေးကို ထောက်ခံချက်ပေးထားပါတယ်။

တောင်ကိုရီးယားအစိုးရရဲ့ ဒီထောက်ခံချက်နဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက မကျေနပ်တဲ့ အကြောင်း ချီတက်ပွဲမှာ ထုတ်ဖော်ပြသခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ဇူလိုင် ၄ ရက် အစီရင်ခံစာထဲမှာ ကုလသမဂ္ဂရဲ့ နျူးကလီးယားစောင့်ကြည့်ရေးအဖွဲ့က ဂျပန်ကလွဲလို့ တခြားနိုင်ငံတွေအပေါ် ရေဆိုးစွန့်ထုတ်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းမစဉ်းစားထားသလို နျူကလစ်ပေါင်းများစွာ ဖယ်ရှားခြင်းရဲ့ စွမ်းဆောင်ရည်ကို အကဲမဖြတ်ထားပါဘူး။ စနစ်နဲ့ အစီရင်ခံစာရဲ့ ရလဒ်တွေအတွက် တာဝန်ယူ တာဝန်ခံမှုကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

တောင်ကိုရီးယားနိုင်ငံအတွင်း ပင်လယ်ဆားနဲ့ တခြားပစ္စည်းတွေကို သုံးလေ့ရှိလို့ ပြည်သူတွေကြားမှာ စားသောက်ကုန်ဘေးကင်းရေး စိုးရိမ်ချက်တွေ ကြီးထွားလာနေပါတယ်။

တနှစ်အတွင်း ဆားစျေး ၈၀ ရာခိုင်နှုန်း တက်သွားခဲ့တယ်လို့ ဆိုးလ်မြို့တော်မှာလုပ်တဲ့ စစ်တမ်းက ဆိုပါတယ်။

၂၀၁၁ မတ်လက ဆူနာမီရေလှိုင်းနဲ့ အကြီးစား ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဖူကူရှီးမား ဒိုင်းအိချိ နျူးကလီးယားစက်ရုံကနေ ရေဆိုးတွေစွန့်ထုတ်ရေး ဂျပန်အစိုးရက တွန်းအားပေး ဆောင်ရွက်နေခဲ့တာပါ။

ဒါကြောင့် ပြည်တွင်း ငါးလုပ်ငန်းအုပ်စုတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ တောင်ပစိဖိတ် ကျွန်းနိုင်ငံတွေနဲ့ ကျန်ရှိတဲ့ နိုင်ငံတကာ အသိုက်အဝန်းကပါ အပြင်းအထန် ဆန့်ကျင်တာတွေနဲ့ သံသယတွေ ကြီးထွားလာနေပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013