DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် သင်္ဘောနှင့် ရထားဝန်ဆောင်မှုများ ရပ်နားထား
DVB
·
July 17, 2023
တရုတ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် သင်္ဘောနှင့် ရထားဝန်ဆောင်မှုများ ရပ်နားထား
1 / 2
Donate to DVB

တိုင်ဖွန်းမုန်တိုင်းတာလင်မ်ကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းလို့  တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်တွေမှာ ကူးတို့သင်္ဘောနဲ့ မီးရထားဝန်ဆောင်မှုတွေကို ရပ်နားထားပြီး သင်္ဘောတွေကို ဆိပ်ကမ်းဆီ ပြန်ခေါ်နေရပါတယ်။

အခုနှစ်ရဲ့ စတုတ္ထမြောက် တိုင်ဖွန်းမုန်တိုင်း တာလင်မ်ဟာ ဇူလိုင် ၁၇ ရက် ညနေပိုင်းမှာ ကွမ်တုံပြည်နယ် ကမ်းရိုးတန်းနဲ့ ဟိုင်နန်ကျွန်း ကမ်းရိုးတန်းဘက်ဆီ ရောက်မယ်လို့ ဟိုင်နန် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

လက်ရှိမှာ ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်းအဖြစ် သတ်မှတ်ထားပြီး တာလင်မ်ဟာ တိုင်ဖွန်းမုန်တိုင်းအဖြစ်ကနေ ကုန်းတွင်းပိုင်းဆီ ပြင်းထန်တဲ့ တိုင်ဖွန်းအဖြစ် ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ဟိုင်နန် မိုးလေဝသဌာနက ပြောပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းတွေအတွက် အရေးပေါ်တုံ့ပြန်မှုအဆင့် ၄ ကနေ အဆင့် ၃ အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး တနင်္ဂနွေနေ့ကစလို့ ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းတွေကို ဟိုင်နန်မိုးလေဝသဌာနက ခန့်မှန်းခဲ့ပါတယ်။

ဟိုင်နန်အနားက ပင်လယ်ပြင်မှာ သွားလာနေတဲ့ သင်္ဘောတွေကို လေပြင်းတိုက်ခတ်မှုကနေ  အကာအကွယ်ရှာဖို့ အချိန်မတိုင်မီ ဆိပ်ကမ်းတွေဆီပြန်ဖို့ သတိပေးထားပါတယ်။

စနေနေ့တုန်းက ဟိုင်နန်ကျွန်းရဲ့ စန်းရှမြို့အတွင်း သက်ဆိုင်ရာဌာနတွေဟာ တံငါသည်တွေရဲ့ အခြေချနေထိုင်မှုနဲ့ ဆောက်လုပ်ရေးဧရိယာတွေကို စေ့စေ့စပ်စပ် စစ်ဆေးခဲ့ပြီး လူ ၇၁ ဦးကို ဘေးကင်းရာနေရာတွေဆီ လွှဲပြောင်းပေးခဲ့ကာ အမျိုးအစားအမျိုးမျိုးဖြစ်တဲ့ သင်္ဘော ၁၃၃ စင်းကို ကျောက်ချ ရပ်နားခဲ့ပါတယ်။

ကမ်းရိုးတန်းဆိပ်ကမ်းတွေ၊ ရထားလမ်းတွေ၊ အဆောက်အအုံတွေနဲ့ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးစေနိုင်တဲ့ မုန်တိုင်းကြောင့် တနင်္လာနေ့မှ အင်္ဂါနေ့အထိ ပြည်နယ်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးသည်းမယ်လို့ ကွမ်တုံမြို့ မိုးလေဝသစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်းရဲ့ အပြောင်းအလဲတွေအပေါ် အခြေခံပြီး ဒေသတွင်း မီးရထားဌာနတွေကလည်း သူတို့ရဲ့ ရထားအချိန်ဇယားကို ချိန်ညှိနေပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013