DVB Logo
Home
အားကစား
ဝင်ဘယ်ဒန် တင်းနစ်ချန်ပီယံဆုကို ကားလို့စ်အယ်ကာရက်ဇ် ဆွတ်ခူး
DVB
·
July 17, 2023
ဝင်ဘယ်ဒန် တင်းနစ်ချန်ပီယံဆုကို ကားလို့စ်အယ်ကာရက်ဇ် ဆွတ်ခူး
1 / 2
Donate to DVB

စပိန်တင်းနစ်အကျော်အမော် ကားလို့စ်အယ်ကာရက်ဇ်ဟာ ဇူလိုင် ၁၆ ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ဝင်ဘယ်ဒန် အမျိုးသားတဦးချင်း တင်းနစ်ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ကို ၃ ပွဲ ၂ ပွဲနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

အသက် ၂၀ အရွယ် အယ်ကာရက်ဇ်ဟာ ဂျိုကိုဗစ်ကို ၁-၆၊ ၇-၆၊ ၆-၁၊ ၃-၆၊ ၆-၄ နဲ့ အနိုင်ရရှိပြီး ပထမဆုံး ဝင်ဘယ်ဒန်ဖလားကို ဆွတ်ခူးခဲ့တာပါ။

“ကျနော်ရဲ့အိပ်မက်တခုက အမှန်တကယ် ဖြစ်လာပါပြီ။ ကျနော် ဗိုလ်လုပွဲမှာ ရှုံးခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိမှာပါ။ အသက် ၂၀ အရွယ် ကောင်လေးတယောက်အနေနဲ့ ဒီလိုအချိန်မှာ ဒီလိုအဆင့်တွေမှာ ကစားနေရတာ တကယ့်ကို မယုံနိုင်စရာဖြစ်ပြီး အရမ်းလည်း စောလွန်းပါတယ်။ ကျ​နော့်ကိုယ် ကျနော် တကယ်ကို ဂုဏ်ယူမိပါတယ်” လို့ ပြိုင်ပွဲအပြီးမှာ ကားလို့စ်အယ်ကာရက်ဇ်က ပြောပါတယ်။

စပိန်တင်းနစ်ကစားသမား အယ်ကာရက်ဇ်ဟာ ၂၀၂၂ ယူအက်စ်အိုးပင်း ဆွတ်ခူးပြီးနောက်ပိုင်း ဝင်ဘယ်ဒန်ချန်ပီယံဆုဟာ ဒုတိယမြောက် ဂရင်းဆလန်း ချန်ပီယံဆု ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဂရင်းဆလန်းချန်ပီယံ ၂၃ ကြိမ်နဲ့ သမိုင်းတလျေှာက် ဆုဖလားအများဆုံး ကစားသမားဖြစ်ပြီး ၂၄ ကြိမ်မြောက် ရယူဖို့ ကြိုးစားခဲ့ပေမဲ့ အယ်ကာရက်ဇ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

“ဒီလိုပွဲမျိုးမှာ ဘယ်တော့မှ အရှုံးမပေးချင်ပေမဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ စိတ်ခံစားမှုတွေအားလုံး ပြေလည်သွားဖို့ ဆုတောင်းနေပါတယ်။ ကျနော်နဲ့ အနီးဆုံးနေရာ ရောက်ရှိပြီး ဖလားမရရှိတဲ့အတွက် ပိုခံစားရခက်ပါတယ်။ ပိုကောင်းတဲ့ကစားသမားကို ရှုံးခဲ့တာပါ၊ သူ့အတွက် ဂုဏ်ပြုပါတယ်” လို့ ဂျိုကိုဗစ်က ပြောပါတယ်။

အယ်ကာရက်ဇ်ဟာ ပြင်သစ်အိုးပင်း ရိုလန်ဂါးရို့စ် ဆီမီးဖိုင်နယ်မှာ ဂျိုကိုဗစ်ကို ၃ ပွဲပြတ် အရေးနိမ့်ခဲ့တာကို ဝင်ဘယ်ဒန်မှာ အနိုင်ယူပြီး ပြန်လည်‌ေချဖျက်ခဲ့ပါတယ်။

ကားလို့စ်အယ်ကာရက်ဇ်နဲ့ ဂျိုကိုဗစ်တို့ဟာ ကမ္ဘာ့အဆင့် ၁ နေရာကို တယောက်တလှည့် ရယူနေကြပြီး အယ်ကာရက်ဇ်က ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၁ နေရာကို ရယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013