DVB Logo
Home
မြန်မာသတင်း
တိုင်းမှူးကိုဖမ်းဆီးသည့်သတင်းထွက်ပြီးနောက် မြစ်ကြီးနားတွင် လုံခြုံရေးတင်းကျပ်
DVB
·
July 16, 2023
တိုင်းမှူးကိုဖမ်းဆီးသည့်သတင်းထွက်ပြီးနောက် မြစ်ကြီးနားတွင် လုံခြုံရေးတင်းကျပ်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နဲ့ စစ်ရေးဆိုင်ရာအရာရှိ ၆ ယောက်ကို နေပြည်တော်က လာရောက် ဖမ်းဆီးသွားတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် မြစ်ကြီးနားမြို့ထဲမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်ကတိုက်ရိုက်အမိန့်နဲ့ ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းက တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်အပါအဝင် စစ်ဖက်ရေးရာ အဆင့်မြင့်အရာရှိ ၆ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြခဲ့ကြပြီး ဇူလိုင် ၁၄ ရက်နေ့က စလို့ မြို့တွင်း လုံခြုံရေး တင်းကျပ်ထားတာပါ။

မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတယောက်က "တိုင်းမှူးကို နေပြည်တော်က လာဖမ်းသွားတယ် ဆိုတဲ့ သတင်းတွေတက်လာပြီး မြို့ထဲမှာတော့ လုံခြုံရေး တင်းကျပ်ထားတာတွေ့ရတယ်။ အေးမြသာယာရပ်ကွက်ဘက်မှာလည်း စစ်ကားပေါ်မှာ စစ်သားတွေ၊ ရဲတွေ အသင့်နေရာယူထားတယ်။ မြို့ထဲမှာလည်း ဒိုင်နာကားနဲ့ရဲတွေက သေနတ်တွေ အသင့်ချိန်ပြီး ပတ်နေတယ်။ တခုခုတော့ ထူးခြားတယ်" လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ်ထဲမှာပဲ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်အပြည့်အစုံနဲ့ မြို့တွင်းလှည့်ပတ် ကင်းလှည့်နေခဲ့ပြီး အခု ဗိုလ်ချုပ် ကိုကိုမောင် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ လှည့်လည်လာတာပါ။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တို့မှာ ၂၀၂၃ ဇူလိုင်လက စတင်ပြီး စစ်ကောင်စီတပ်နဲ့ KIA တို့ စစ်ရေးတင်းမာနေပြီး လိုင်ဇာမှာရှိတဲ့ KIO ဌာနချုပ်ကို အပြင်းအထန်ထိုးစစ်ဆင်ဖို့ နေပြည်တော်က အမိန့်ပေးထားတယ်လို့ သတင်းတွေ ထွက်လာပြီး တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နဲ့အဖွဲ့ကို နေပြည်တော်က လာရောက် ဖမ်းဆီးသွားတာလို့ ဒေသတွင်းသတင်းတွေက ဖေါ်ပြထားပါတယ်။

ဗိုလ်ချုပ်ကိုကိုမောင်ဟာ ကာကွယ်ရေးဦးစီးချုပ်ရေ၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တို့နဲ့အတူ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့တာကို ခံထားရသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013