DVB Logo
Home
အားကစား
ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် မန်ယူနှင့် ဘာစီလိုနာ ဒဏ်ငွေ ချမှတ်ခံရ
DVB
·
July 15, 2023
ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် မန်ယူနှင့် ဘာစီလိုနာ ဒဏ်ငွေ ချမှတ်ခံရ
Donate to DVB

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေကြောင့် မန်ယူနဲ့ ဘာစီလိုနာအသင်းတွေကို ဥရောပ ဘောလုံးအဖွဲ့ချုပ်က ဒဏ်ကြေးငွေ ချမှတ်ခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ UEFA ဟာ  ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဥရောပကလပ်တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စာရင်းတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

မန်ယူအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့ လိုငွေ အနည်းငယ်ပြသခဲ့တာကြောင့် ယူရို ၃ သိန်း ဒဏ်ရိုက်ခံခဲ့ရတာပါ။ 

မန်ယူအသင်းဘက်ကတော့ UEFA ရဲ့ ပြစ်ဒဏ်အပေါ် လက်ခံပေမဲ့ စိတ်ပျက်မိကြောင်း၊ အရင်က ဘဏ္ဍာရေးစည်းမျဉ်းဟောင်းအရ ကိုဗစ်ကာလအတွင်းက ဆုံးရှုံးမှုတွေအပေါ် တွက်ချက်ပုံ လွဲမှားမှုတွေရှိခဲ့တာကြောင့် အနည်းငယ်ချိုး ဖောက်မိခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကိုဗစ်အလွန်ကာလမှာ ဘဏ္ဍာရေးပိုင်း တောင့်တင်းလာပြီး လက်ရှိဘဏ္ဍာရေးနှစ်မှာ အမြင့်ဆုံးဝင်ငွေရရှိဖို့ မျှော်မှန်းနိုင်လို့ ကစားသမားခေါ်ယူမှုတွေမှာ အခက်အခဲမရှိနိုင်ကြောင်း ထုတ်ပြန်ပါတယ်။

ဘာစီလိုနာအသင်းကတော့ အမြတ်ငွေ တင်ပြမှုမှာ မှားယွင်းမှုတွေရှိခဲ့တာကြောင့် ယူရို ၅ သိန်းအထိ ဒဏ်ရိုက်ခံခဲ့ရတာပါ။

ဒါ့အပြင် တူရကီကလပ် ဘာဆက်ခ်ဆီဟာအသင်းကို ယူရို ၄ သိန်းဒဏ်ရိုက်ခဲ့ပြီး တူရကီကလပ် ကွန်ရာစပေါနဲ့ ဆိုက်ပရက်စ်ကလပ် အေပိုးလ်အက်ဖ်စီတို့လည်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။

လာမယ့်နှစ်မှာတော့ တခြား ကလပ်အသင်း ၉ သင်းကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း UEFA ကကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013