DVB Logo
Home
မြန်မာသတင်း
ကွမ်းရွက်အဝယ်လိုက်ပြီး ပြည်တွင်း ကွမ်းရွက်စျေး မြင့်တက်
DVB
·
July 14, 2023
ကွမ်းရွက်အဝယ်လိုက်ပြီး ပြည်တွင်း ကွမ်းရွက်စျေး မြင့်တက်
Donate to DVB

ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ကွမ်းရွက်အဝယ်လိုက်ပြီး စျေးကောင်းရရှိနေတယ်လို့ ကွမ်းရွက်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ကွမ်းရွက်စျေးနှုန်းဟာ ဇွန်လအကုန်က ထိုင်ဝမ်ရှယ်ထိပ်စ တပိဿာကို ကျပ် ၆,၅၀၀ နဲ့ ပန်းတနော်ရှယ် တပိဿာကို ကျပ် ၈,၅၀၀ လောက်သာ ရှိခဲ့ရာက ဇူလိုင် ၁၂ ရက်နေ့မှာ ထိုင်ဝမ်ရှယ်ထိပ်စ တပိဿာကို ၁၁,၀၀၀ နဲ့ ပန်းတနော်ရှယ်တပိဿာကို ကျပ် ၁၂,၀၀၀ ထိ စျေးမြင့်တက်လာပါတယ်။

ရန်ကုန် သီရိမင်္ဂလာစျေးမှာ ကွမ်းရောင်းဝယ်သူတဦးက “ကွမ်းရွက်စျေးကတော့ တခြား အခြေခံစျေးနှုန်းတွေလို သတ်မှတ်စျေးမရှိတော့ ရောင်းကောင်းရင် စျေးမြင့်တာပေါ့။ ဒီနှစ် စျေးတော်တော်ကောင်းပါတယ်။ ကွမ်းရောင်းဖူးတဲ့ နှစ် ၂၀ အတွင်းမှာ ဒီနှစ်လို စျေးကောင်းရပြီး ရောင်းကောင်းတာ မတွေ့ခဲ့ဘူး” လို့ ပြောပါတယ်။

ကွမ်းစျေးဟာ ဇွန်နဲ့ ဇူလိုင်လမှာ စျေးနှုန်းမြင့်တက်လေ့ရှိတာကြောင့် ဇူလိုင်လအကုန်ထိ ဆက်လက်မြင့်တက်သွားဖွယ် ရှိနေတယ်လို့ သီရိမင်္ဂလာ ကွမ်းရောင်းဝယ်သူတွေထံက သိရပါတယ်။

ကျိုက်ထိုမြို့ရှိ ကွမ်းရောင်းဝယ်သူတဦးက “ကွမ်းစျေးတက်တာက အဓိကတော့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလို့ပေါ့။ ဒီနှစ် စျေးကွက်မှာ ၁၀,၀၀၀ ကျော်ရတယ်ဆိုတဲ့ဟာက လွန်ခဲ့တဲ့ ၂ နှစ်က ၅,၀၀၀ လောက်နဲ့ပဲ ညီမျှတာ။ ငွေကြေးဖောင်းပွမှုတွေ အရမ်းဖြစ်တော့ ကွမ်းစျေးကောင်းတယ်လို့ပဲ ထင်နေကြတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မိုခါမုန်တိုင်းဖြစ်တဲ့ မေလလယ်က ကွမ်းခြံတွေ ပြိုလဲမှုကြောင့် ကွမ်းရွက်စျေး ၂၅,၀၀၀ အထိ စံချိန်တင် စျေးနှုန်းမြင့်တက်ခဲ့ပေမဲ့ ရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းသွားခဲ့တယ်လို့ ကွမ်းရွက်ရောင်းဝယ်သူတွေထံက သိရပါတယ်။

ကွမ်းရွက်စိုက်ပျိုးရာမှာ လိုအပ်တဲ့ ကွမ်းညွန့်၊ မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ ဝါလုံးစျေးနှုန်းတွေ မြင့်တက်တာကြောင့် ကွမ်းအပင် ၁၀၀၀ မှာ ကျပ်ငွေ ၁၅ သိန်းခန့် ကုန်ကျပေမဲ့ ကွမ်းရွက်စျေးကောင်းရတဲ့အတွက် လုပ်ငန်းထိခိုက်မှုမရှိဘူးလို့ ကွမ်းစိုက်တောင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013