DVB Logo
Home
မြန်မာသတင်း
ထိုင်းဒုက္ခသည်စခန်းတွင် ခိုလှုံနေရသည့် ဒေါနို့ကူးစစ်ရှောင် ၅၀၀၀ ကျော် စားနပ်ရိက္ခာ လိုအပ်နေ
DVB
·
July 14, 2023
ထိုင်းဒုက္ခသည်စခန်းတွင် ခိုလှုံနေရသည့် ဒေါနို့ကူးစစ်ရှောင် ၅၀၀၀ ကျော် စားနပ်ရိက္ခာ လိုအပ်နေ
Donate to DVB

လူဦးရေ ၅ ထောင်ကျော်ရှိတဲ့ ထိုင်း-ကရင်နီနယ်စပ်က စစ်ဘေးရှောင်စခန်းဖြစ်တဲ့ ဒေါနို့ကူးစခန်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် စစ်ဘေးရှောင်တွေက ထိုင်းနိုင်ငံဘက်ခြမ်း ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်းကို သွားရောက်ခိုလှုံနေပြီး အမိုးကာနဲ့ စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေပါတယ်။

ဇူလိုင် ၁၂ ရက်န့ မနက်အစောပိုင်း ၁ နာရီဝန်ကျင်မှာ စစ်ကောင်စီတပ်က ဒေါနို့ကူးစခန်းကို လေယာဉ်နဲ့ ဗုံး ၅ လုံး လာရောက်ကြဲသွားခဲ့တာဖြစ်ပြီး အဲဒီစခန်းမှာရှိတဲ့ ဆယ်သဲကောလိပ်ကျောင်းနဲ့ ဆေးရုံတရုံအပါဝင် လူနေအိမ်တွေ ထိခိုက်ခဲ့သလို လူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် လူ ၅၀၀၀ ကျော်ရှိတဲ့ ဒေါနို့ကူးစစ်ဘေးရှောင်တွေဟာ  ကစဉ့်ကလျားနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး မနေ့ကတော့ ထိုင်းနိုင်ငံ မယ်ဆောင်ဆောင်ခရိုင် ဘန်မိုင်နန့်ဆွယ်လို့ ခေါ်တဲ့ ကရင်နီဒုက္ခသည်စခန်းစခန်း ၁ မှာ သွားရောက်ခိုလှုံနေကြတယ်လို့ ကူညီကယ်ဆယ်ပေးသူတဦးက ပြောပါတယ်။

“အဲဒီ ဒေါနို့ကူးကလူတွေက ထိုင်းနယ်နိမိတ်ထဲက ဒုက္ခသည်စခန်း ၁ မှာ သွားပြီး ရပ်ကွက်တခုလိုမျိုး လုပ်ထားပြီး ခိုလှုံနေကြတယ်။ အဲဒီလူတွေကို အရေးပေါ် လက်ခံထားနေရတယ်။ အခု ကရင်နီဒုက္ခသည်ရုံးတွေလည်း အလုပ်တွေ ရှုပ်နေရတယ်။ အစပိုင်းက ထိုင်းဘက်က လက်မခံခဲ့ပေမယ့် အခုက လေယာဉ်နဲ့ လာပစ်တာဆိုတော့ စစ်ရှောင်တွေလည်း မနေရဲတော့ဘူးလေ။ အဲဒါကြောင့် အဲဒီဘက်ထဲကိုပဲ ပြေးဝင်ကြတာပေါ့။”

လတ်တလော ဒေါနို့ကူးစစ်ရှောင်စခန်းမှာ တာဝန်ရှိတဲ့သူတချို့တော့ ရှိနေသေးပေမယ့် စစ်ရှောင်အများစုကတော့ မနေရဲတော့ဘဲ ထိုင်းဘက်ကို ထွက်ပြေးခဲ့ကြကာ ထိုင်းအာဏာပိုင်တွေ သတ်မှတ်ထားပေးတဲ့ နေရာတွေမှာ နေထိုင်ကြရပြီး နေရာထိုင်ခင်းတွေအတွက် ပြင်ဆင်နေကြဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက် ဘန်းမိုင်နန်းဆွယ် ဒုက္ခသည်သည်စခန်းမှာ ထွက်ပြေးလာတဲ့ ဒေါနို့ကူးက စစ်ဘေးရှာင်တွေအတွက် စားနပ်ရိက္ခာနဲ့၊ အမိုးအကာတွေလိုအပ်နေဆဲဖြစ်ပြီး နီးစပ်ရာ NGOs နဲ့ လူမှုအသင်းအဖွဲ့တွေက ကူညီဆောင်ရွက်ပေးထားပါတယ်။

ထိုင်းနိုင်ငံ မယ်ဆောင်ဆောင်ခရိုင်မှာရှိရင် ကရင်နီဒုက္ခသည်စခန်း ၁ ဘန်းမိုင်နန်းဆွယ်စခန်းဟာ ၁၉၈၉ ခုနှစ်ကတည်း စတင်တည်ရှိလာခဲ့ပြီး လူဦးရေ ၁၀,၀၀၀ လောက် ခိုလှုံနေတဲ့ ထိုင်နယ်စပ် ဒုက္ခသည်စခန်းထဲက တခုဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားချိန်က ထိုင်း-နယ်စပ် ဒေါနို့ကူး စစ်ရှောင်စခန်းမှာခိုလှုံနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်ရှိနေရာကနေ အခု  ၂၀၂၃ ခုနှစ်မှာ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်အထိ တိုးလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာဘက်ခြမ်း ဒေါနို့ကူးစခန်းမှာရှိနေတဲ့ စစ်ဘေးရှောင်စခန်းက စစ်ဘေးသင့်ပြည်သူတွေက ထိုင်းဘက်ခြမ်းက ဒုက္ခသည်စခန်းကို ရောက်ရှိခိုလှုံလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013