

ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ဇူလိုင် ၁၂ ရက် ညပိုင်းက အင်အားပြင်းမုန်တိုင်းတခု ဝင်ရောက် တိုက်ခတ်ခဲ့လို့ လမ်းတွေနဲ့ နေအိမ်တွေကို ရေလွှမ်းမိုးခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ အရပ်ဘက်ကာကွယ်ရေးက ပြောပါတယ်။
အပူပိုင်းဒေသ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ ဗီရာခရုဇ်၊ ဆိုဘရာဒင်ဟိုနဲ့ ရီယိုဂရန်ဒီ ဒိုဆူလ် ဒေသရဲ့ အနောက်မြောက်ဘက်ရှိ ဂျွိုင်းယာမြို့တွေဟာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
ဆောင်ဆီဘက်စရှိုဒို့ကိုင်းမြို့ရဲ့ အရပ်သားကာကွယ်ရေး ဒါရိုက်တာ အယ်နယို့ဒို့စ်ဆန်းတို့စ်က “မြစ်ရေက တနာရီကို ကီလိုမီတာ ၆၀ နဲ့ ၅၀ ကြားမှာ အမြင့်ဆုံး စီးဆင်းနေတယ်။ ပျမ်းမျှအားဖြင့် ၄ လက်မကနေ ၅ လက်မအထိ တိုးလာပြီး ရေတွေတက်လာနေတုန်းပဲ” လို့ ပြောပါတယ်။
ရေဘေးရှောင် ဒေသခံတွေကလည်း ဟိုဘက်လမ်း ဒီဘက်လမ်းကိုရောက်ဖို့ လှေနဲ့ပဲ သွားလို့ရတယ်လို့ ပြောပါတယ်။ မြစ်ရေစီးကြောင်းက အားတော်တော်ပြင်းတယ်လို့လည်း ဆိုပါတယ်။
ရေဘေးသင့်ဒေသတွေမှာ နေထိုင်သူအများအပြားဟာ သူတို့ရဲ့မြို့တွေရှိ အားကစားရုံတွေမှာ ခိုလှုံနေကြရပါတယ်။ အာဏာပိုင်တွေဟာ နေရာဒေသအများအပြားမှာ မြေပြိုမှုအန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးထားပါတယ်။
Source - Reuters










