DVB Logo
Home
အားကစား
အသင်းခေါင်းဆောင်သစ်ကို မဲစနစ်ဖြင့် ဆုံးဖြတ်မည်မဟုတ်ဟု မန်ယူနည်းပြတန်ဟတ်ဂ်ပြော
DVB
·
July 14, 2023
အသင်းခေါင်းဆောင်သစ်ကို မဲစနစ်ဖြင့် ဆုံးဖြတ်မည်မဟုတ်ဟု မန်ယူနည်းပြတန်ဟတ်ဂ်ပြော
Donate to DVB

အသင်းခေါင်းဆောင်သစ်ကို မဲစနစ်နဲ့ ဆုံးဖြတ်မှာမဟုတ်ကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

ယူနိုက်တက်ဟာ နောက်ခံလူမက်ဂွဲယားကို အသင်းခေါင်းဆောင်ရာထူးကနေ ရုပ်သိမ်းခဲ့ပြီး လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်အသစ် ခန့်အပ်တာဝန်ပေးသွားမှာပါ။

အသင်းခေါင်းဆောင်သစ်ခန့်အပ်ရာမှာ ကစားသမားတွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်မှာမဟုတ်ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုခဲ့ပြီး သူကိုယ်တိုင်ခန့်အပ်သွားမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပွဲစဉ်အများစုကို အသင်းခေါင်း ဆောင်အဖြစ်တာဝန်ယူခဲ့တာပါ။

နည်းပြအဲရစ်တန်ဟတ်ဂ်ဟာ ဖာနန်ဒက်စ်ကိုပဲ အသင်းခေါင်း ဆောင် တာဝန် ဆက်လက်ပေးအပ်ဖို့ရှိနေပြီး လိဒ်ယူနိုက်တက်နဲ့ ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင်တာဝန်ယူခဲ့သူ ဗာရန်းဟာလည်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013