Home
အားကစား
ဟော့ဂျ်လန်းအတွက် ငွေသားသီးသန့် ကမ်းလှမ်းရန် မန်ယူကို အက်တလန်တာ အကြောင်းပြန်
DVB
·
July 14, 2023

တိုက်စစ်မှူးဟော့ဂျ်လန်းအတွက် ငွေသားသီးသန့်နဲ့ ကမ်းလှမ်းဖို့ မန်ချက်စတာယူနိုက်တက် အသင်းကို အက်တလန်တာ အသင်းက အကြောင်းပြန်လိုက်တယ်လို့သိရပါတယ်။

မန်ယူအသင်းဟာ ပေါင် ၈၆ သန်း သတ်မှတ်ထားတဲ့ ဒိန်းမတ်တိုက်စစ်မှူးဟော့ဂျ်လန်းအတွက် ကစားသမားအလိုက်ပေးပြီး ကမ်းလှမ်းဖို့ ကြိုးပမ်းခဲ့တာပါ။

မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို အက်တလန်တာဘက်က ပယ်ချခဲ့ပြီး ငွေသားသီးသန့်သာ အလိုရှိနေကြောင်း The Athletic သတင်းမှာဖော်ပြပါတယ်။

မန်ယူအသင်းဟာ မေဆန်မောင့်အတွက် ပေါင်သန်း ၆၀ လောက် အသုံးပြုထားပြီးဖြစ်သလို ဂိုးသမားတယောက်လည်းခေါ်ယူမှာ ဖြစ်လို့ တိုက်စစ်မှူးနေရာအတွက် ငွေကြေးအလုံးအလောက် မရှိတဲ့အခြေအနေဖြစ်နေရတာပါ။

အသက် ၂၀ ပဲရှိသေးတဲ့ ဟော့်ဂျ်လန်းကို မန်ယူနည်းပြတန်ဟတ်ဂ်က နံပါတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

အရပ် ၆ ပေ ၃ လက်မရှိ ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးဟာ နိုင်ငံအသင်းအတွက် ၆ ပွဲမှာ ၆ ဂိုးသွင်းခဲ့သလို အက်တလန်တာမှာလည်း ၃၄ ပွဲကစားခွင့်ရရှိခဲ့ရာမှာ ၁၀ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024