DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူ ၁,၃၀၀ ကျော်ရှိလာ
DVB
·
July 13, 2023
စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူ ၁,၃၀၀ ကျော်ရှိလာ
Donate to DVB

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ဒီကနေ့အထိ  နိုင်ငံတဝန်း အကြမ်းဖက် စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အသက်သေဆုံးခဲ့သူ ၁,၃၀၂ ယောက် ရှိပြီး စစ်ကိုင်းတိုင်းမှာ ၇၁၇ ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့  အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ  သိရပါတယ်။

အဆိုပါ ၁,၃၀၂ ယောက်ထဲက ၁၀၁ ယောက်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ပြီး အကျဉ်းထောင်တွေထဲ သေဆုံးခဲ့သူ ၅၇ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၇၈၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၈၀၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထား ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်က ခန့်လင်းနိုင်၊ အောင်မျိုးသူ၊ ပြည်ဖြိုးဟိန်းနဲ့ မင်းဘုန်းမဟာတို့ အပါအဝင် အကျဉ်းသားတချို့ကို ဒိုက်ဦးအကျဉ်းထောင်က ခေါ်ထုတ်သွားပြီး နောက် သတင်းအစအနပျောက်ဆုံးနေခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဇူလိုင်ပထမအပတ်မှာတော့ ခန့်လင်းနိုင် (ခ) ကိုခန့် (ခ) လက်ဝဲ၊ ပြည့်ဖြိုးဟိန်း (ခ) အောင်ပြည့်ရဲ့ အောင်မျိုးသူတို့ရဲ့ မိသားစုတွေ၊ ဒုတိယအပတ်မှာတော့ ဇင်မြင့်ထွန်း (ခ) ရာလေးနဲ့ ပြည့်ဖြိုးအောင် (ခ) ဟာနစ်တို့ရဲ့ မိသားစုတွေဆီ ဒိုက်ဦးထောင်က တခြားထောင်ကို ပြောင်းရွှေ့ရာ လမ်းခရီးမှာ မော်တော်ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့လို့ လုံခြုံရေးအဖွဲ့ဝင်တွေက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာကနေ သေဆုံးသွား တယ်လို့ ရေးသားထားတဲ့ စာတွေကို ဒိုက်ဦးအကျဉ်းထောင် အကျဉ်းဦးစီးအရာရှိ လက်မှတ်နဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၂၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆,၈၀၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၂၂ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၇၅ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013