DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ပျောက်ဆုံးနေသည့် ဂျာမန်လုပ်ငန်းရှင်အလောင်း ရေခဲသတ္တာထဲ ပြန်တွေ့ 
DVB
·
July 11, 2023
ထိုင်းတွင် ပျောက်ဆုံးနေသည့် ဂျာမန်လုပ်ငန်းရှင်အလောင်း ရေခဲသတ္တာထဲ ပြန်တွေ့ 
Donate to DVB

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ချွန်းပူးရီးခရိုင်ထဲမှာ ဇူလိုင် ၄ ရက်က ပျောက်ဆုံးနေတဲ့ ဂျာမန်အိမ်မြေ ပွဲစားလုပ်ငန်းရှင် Mr. Hans Peter Ralter Mack (အသက် ၆၂ နှစ်) ကို တာဝန်ရှိသူတွေက စုံစမ်းရှာဖွေနေရာမှာ ဇူလိုင် ၁၀ ရက် ည ၁၁ နာရီ လောက်မှာတော့  ရေခဲသေတ္တာထဲကနေ အပိုင်းပိုင်းခုတ်ခံထားရတဲ့ အလောင်းအဖြစ် ပြန်တွေ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင် ချွန်းပူးရီးခရိုင် အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တွေဟာ ချွန်းပူးရီးခရိုင် ဘန်လမွန်းမြို့နယ် နောင်ပရီရပ်ကွက်ရှိ ဖလူးဝိလာအိမ်ရာထဲက  ပျောက်ဆုံးသွားတဲ့ မစ္စတာ ဟန့် စ့်စ် ပီတာရဲ့ နေအိမ်အနီးတဝိုက် စီစီကင်မရာတွေကို စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ  နိုင်ငံခြားသား ၂ ဦးပါတဲ့ လူ ၄ ဦးဟာ အဆိုပါနေအိမ်ထဲကနေ ရေခဲသေတ္တာ ၁ လုံးကို သယ်မသွားပြီး အနက်ရောင် ဟိုင်းလပ်စ် ကား ၁ စီးပေါ်တင်သွားကြောင်း၊ အဆိုပါကား ဟာ အဲဒီအိမ်ရာနဲ့ ၅ ကီလိုမီတာကျော် ကွာဝေးတဲ့ နောင်ပရီရပ်ကွက် ချုတ်ချိုင်းဂါး ဒင်း ဟုမ်းအိမ်ရာရှိ နေအိမ် ၁ လုံးထဲ ဝင်သွားတယ်လို့ ဆိုပါတယ်။ 

အဆိုပါနေအိမ်ကို စစ်ဆေးဖို့အတွက် တရားရုံးကနေ ရမန်စာယူပြီးတဲ့နောက် မနေ့ည ၁၁ နာရီလောက်က သွားရောက်စစ်ဆေးခဲ့ကြောင်း၊ နေအိမ်မှာ ငှားရမ်းနေထိုင်သူရှိမနေဘဲ အိမ်ပိုင် ရှင်က တံခါးလာဖွင့်ပေးကြောင်း၊ ဟန့်စ်ပီတာရဲ့ အိမ်ကနေသယ်လာတဲ့ ရေခဲသေတ္တာကို အိပ်ခန်း ၁ ခန်းထဲမှာ တွေ့ရှိပြီး သေတ္တာရဲ့တံခါးကို ဆယ်လိုတိပ်နဲ့ ပိတ်ထားကာ မီးပလပ်လည်း ထိုးထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါရေခဲသေတ္တာကို ဖွင့်ကြည့်ရာမှာတော့ လူရဲ့ ဦးခေါင်း၊ လည်ပင်း၊ ကိုယ်ခန္ဓာ၊ လက် ၂ ဘက်၊ ခြေတောက် ၂ ဘက် စသဖြင့် ၁၃ ပိုင်းပိုင်းထားတာကိုတွေ့ရပြီး ပျောက်ဆုံးနေသူ ဟန့်စ်ပီတာရဲ့ အလောင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ 

ဦးခေါင်းမှာ လေးလံသောအရာနဲ့ အထုခံထားရပြီး အိမ်ထဲမှာ သွေးစသွေးနအချို့၊ အသေးစား ဖြတ်လွှ ၁ ခုကိုပါ သက်သေအဖြစ် သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယေ။ 

အိမ်ရှင်ဖြစ်သူ ထိုင်းအမျိုးသမီးက အဆိုပါအိမ်ကို နိုင်ငံခြားသား ၁ ဦးက တလကို ဘတ် ၉၀၀၀ နဲ့ ငှါးထားတာ ၃ လခန့်ရှိပြီဖြစ်ပြီး  အခုလိုကြုံတွေ့ရတဲ့အပေါ်  လွန်စွာထိတ်လန့်မိကြောင်း၊ ရှေ့ဆက် အိမ်ကိုဘယ်လိုလုပ်ရမှန်းမသိဘူးလို့ ပြောပါတယ်။ 

အိမ်ငှါးသူမှာ သေဆုံးသူနဲ့ သိကျွမ်းသူ မစ္စတာ အိုလပ်ဖြစ်ပြီး အဲဒီအိမ်မှာ မစ္စ ဖေးထားဆိုသူ ဂျာမန်အမျိုးသမီးပါ နေထိုင်တယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင်ကလည်း သူတို့ရဲ့ ဘဏ်ငွေစာရင်းထဲကို မစ္စတာ ဟန့်စ်ပီတာရဲ့ ပျောက်ဆုံးနေတဲ့ ထိုင်း ဘတ်ငွေ ၃ သန်း လွှဲထားတာတွေ့လို့ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း၊  အဆိုပါ ဘတ်ငွေ ၃ သန်းဟာ သူတို့ ၂ ဦးရဲ့ ဘဏ်စာအုပ်မှာရော နောက်ထပ် ၂ ဦးရဲ့ ဘဏ်စာရင်းထဲကို ပါလွှဲ ထားတာတွေ့ကြောင်း၊ မစ္စတာ အိုလပ်ဖ်မှာ ပတ္တယားကမ်းခြေက အောက်ထ်လောအမည်ရှိ မာဖီးယားဂိုဏ်းနဲ့လည်း ဆက်စပ်နေကြောင်း၊ ထိုင်းလူမျိုးတွေလည်း ပါဝင်ပတ်သက်တယ်လို့ ယုံကြည်ကြောင်း၊ ဒီအမှုက ပစ္စည်းရယူလိုမှုကြောင့် ကျူးလွန်တယ်လို့ ယူဆကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ဒုရဲချုပ် စူရချေ့ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

မစ္စတာ ဟန့်စ်ပီတာမှာ ထိုင်းအမျိုးသမီး ၁ ဦးနဲ့ တွဲလျက်ရှိပြီး ဒီလ ၄ ရက်နေ့က အဆိုပါအမျိုးသမီးနဲ့ ချိန်းဆိုထားပေမယ့် ရောက်မလာဘဲ ပျောက်ဆုံးနေတာပါ။ သူ့ရဲ့ကားကိုတော့ အဆိုပါရပ်ကွက်ထဲမှာ ရပ်ထားတာတွေ့ပြီး တာဝန်ရှိသူတွေ စစ်ဆေးရာမှာ ကားထဲမှာ လူမရှိပါဘူး။ 

သူပျောက်ဆုံးနေတာကို လက်ရှိတွဲနေတဲ့ ထိုင်းအမျိုးသမီးရော၊ ဂျာမဏီနိုင်ငံက ဇနီးနဲ့ သားဖြစ်သူတို့ကပါ ရဲတပ်ဖွဲ့ နဲ့  ဂျာမဏီသံရုံးကို တိုင်ကြားထားပါတယ်။ 

ဂျာမဏီရှိ ဇနီး နဲ့ သားဖြစ်သူတို့ကလည်း ဖခင်ဖြစ်သူကို ရှာဖွေတွေ့ရှိပါက ဘတ်ငွေ ၃ သန်း ချီးမြှင့်မယ်လို့  လူပျောက်ကြေညာမှာ ထည့်သွင်းထားပါတယ်။ 

ကိုးကား - thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013