DVB Logo
Home
မြန်မာသတင်း
မြိုင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ MBT က ဒရုန်းနှင့် ရဲအသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ
DVB
·
July 11, 2023
မြိုင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ MBT က ဒရုန်းနှင့် ရဲအသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့မှာ ဇူလိုင် ၈ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့ အရှေ့ဘက် စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခန်တိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး စစ်သား တယောက်နဲ့ ပျူတယောက် အပြင်းအထန် ဒဏ်ရာရရှိကာ အလောင်းတွေနဲ့ လူနာတွေကို လူမှုကူညီရေးကားနဲ့ လာသယ်သွားကြတယ်လို့ ဆိုပါတယ်။

မြိုင်မြို့အထွက် စီမံကိန်းရုံးနားက အကာကွယ်နေရာတွေကိုတော့ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော်တယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်မှုကိုတော့ RPTF၊MRTF၊JRT နဲ့ Freedom Fighters တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း ရေစကြိုမြို့ ငြိမ်းဇာနည်တပ်စခန်းနားမှာ ဇူလိုင် ၉ ရက်နေ့ ည ၈ နာရီလောက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ဒရုန်းတစင်းနဲ့ ရဲအသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ​မြင်းခြံကျားနက်တပ်ဖွဲ့ MBT တပ်ဖွဲ့က ပြောပါတယ်။

MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက “စစ်(...)၊ ရဲ(...)တွေ ကင်းပုန်းဝပ်သွားတာရှိတယ်လို့ ပြည်သူက သတင်းပေးလို့ ကျနော်တို့ရဲ့ အမှတ် ၂ စစ်ဆင်ရေး နယ်မြေက ရဲဘော်တွေ နယ်​မြေရှင်းလင်းရေး သွားလုပ်တာ စစ်(...)၊ ရဲ(...) တွေ မတွေ့ဘဲ ဒရုန်းအသေးတစင်း၊ သင်တန်းဆင်းလက်မှတ်တခု၊ ကျည်ဘောက်အခွံတွေ၊ သေနတ်အိတ်တွေနဲ့ ရဲအသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်” လို့ ပြောပါတယ်။

MBT တပ်ဖွဲ့အနေနဲ့ ရေစကြိုမြို့ပေါ်မှာ စခန်းသိမ်းတိုက်ပွဲတွေ လုပ်ဆောင်တောမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ရဲစခန်းတွေနားကို ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

ရေစကြိုမြို့နယ်မှာ ဇူလိုင် ၁ ရက်နေ့ ညနေကလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့-MBT ကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013