DVB Logo
Home
အားကစား
မြန်မာယူ-၁၉ အမျိုးသမီးအသင်း ထိုင်းကို ရှုံးခဲ့သော်လည်း ဆီမီးဖိုင်နယ်တက်
DVB
·
July 11, 2023
မြန်မာယူ-၁၉ အမျိုးသမီးအသင်း ထိုင်းကို ရှုံးခဲ့သော်လည်း ဆီမီးဖိုင်နယ်တက်
Donate to DVB

၂၀၂၃ အာဆီယံအမျိုးသမီး ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းက ထိုင်းယူ-၁၉ အမျိုးသမီးအသင်းကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အကောင်းဆုံး အုပ်စုဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ထိုင်းအသင်းကို အပြန်အလှန် ကစားနိုင်ခဲ့ပြီး မိနစ် ၉၀ နာကျင်အချိန်ပိုမှာ ဂိုးသမားရဲ့ ပေါ့ဆမှုကြောင့် ပေးလိုက်ရတဲ့ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ မြန်မာအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝေက “ခက်ခဲတဲ့ပွဲပါ၊ ကလေးတွေ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ အတွက် လာမယ့်ပွဲတွေမှာ အမှားတွေပြင်ပြီး အကောင်းဆုံး ကြိုးစားသွားပါသွားမယ်” လို့ ပြောပါတယ်။

မြန်မာယူ-၁၉ အမျိုးသမီးပါဝင်တဲ့ အုပ်စု ဂ မှာ ထိုင်းအသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမ၊ မြန်မာအသင်းက ရမှတ် ၃ မှတ်နဲ့ အုပ်စုဒုတိယနေရာ ရရှိခဲ့ပြီး ဖိလစ်ပိုင်အသင်း ရမှတ်မရှိနဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲကို အုပ်စု ၃ စုခွဲထားပြီး အုပ်စုပထမ ၃ သင်းဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နဲ့ အကောင်းဆုံး ဒုတိယအသင်းဖြစ်တဲ့ မြန်မာအသင်းတို့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းဟာ ဇူလိုင် ၁၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းနဲ့ ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013