DVB Logo
Home
မြန်မာသတင်း
စိုက်စရိတ်မြင့်တက်မှုနှင့် ဈေးနှိမ်မှုကြောင့် စပါးစိုက်တောင်သူများ အဆင်မပြေ
DVB
·
July 10, 2023
စိုက်စရိတ်မြင့်တက်မှုနှင့် ဈေးနှိမ်မှုကြောင့် စပါးစိုက်တောင်သူများ အဆင်မပြေ
Donate to DVB

မြန်မာပြည်တွင်းမှာ စပါးစိုက်ပျိုးစရိတ်တွေ မြင့်တက်တာနဲ့ ကုန်သည်တွေ စျေးနှိမ်ဝယ်ယူတာတွေ ကြောင့် တောင်သူတွေ အ​ဆင်မပြေဖြစ်နေတယ်လို့  စပါးစိုက်တောင်သူတွေထံက သိရပါတယ်။

စပါးစျေးဟာ စပါးမပေါ်ခင်က ကျားပျံစပါးတင်း ၁၀၀ ကို သိန်း ၂၀ ကျော်၊ ဧည့်မထစပါးကို ၁၅ သိန်း ပေါက်စျေးရှိပေမဲ့ စပါးပေါ်ပြီးချိန်မှာ ကုန်သည်ကြီးတွေက ကျားပျံစပါးတင်း ၁၀၀ ကို ၁၅ သိန်း၊ ဧည့်မထကို ၁၃ သိန်းထိ စျေးနှိမ်ဝယ်ခဲ့တယ်လို့ တောင်သူတွေထံက သိရပါတယ်။

ဧရာဝတီတိုင်းမှ စပါးစိုက်တောင်သူတဦးက “တောင်သူတွေက စပါးလှောင်နိုင်မှ မြတ်တာပါ။ အများစုကတော့ မလှောင်နိုင်ပါဘူး။ အကြွေးတွေဆပ်ရတော့ စပါးပေါ်တာနဲ့ ရောင်းရတာပါပဲဗျာ။ စပါးစျေးကလည်း ပေါ်ရင် ထိုးကြပြီး လက်ထဲမှာ စပါးမရှိတော့ရင် စျေးက ထိုးတက်တာပဲ။ နှစ်တိုင်း တနှစ်မှ စျေးကောင်းမရဘူး” လို့ ပြောပါတယ်။

စပါးစိုက်ချိန်ဟာ ၃ လခွဲခန့် ကြာမြင့်ပြီး တဧကကို စပါးမျိုး ၂ တင်းကြဲရကာ အထွက်နှုန်းကတော့ စိုက်မြေကောင်းမကောင်းပေါ် မူတည်ပြီး တင်း ၂၀ မှ တင်း ၅၀ ထိ ထွက်ပါတယ်။

တောင်သူတွေဟာ စပါးစျေးမရတဲ့အပြင် လုပ်သားခစျေးကြီးတာ၊ မျိုးစျေးနဲ့ မြေသြဇာနှုန်းတို့ မြင့်တက်တာတွေပါ ခံစားနေရပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့မှ စပါးစိုက်တောင်သူတဦးက “အရင်က အလုပ်သမားခက ၈,၀၀၀ ဆို အခု ၁၀,၀၀၀ ကျော်သွားပြီ။ စပါးမျိုးစျေးက အရင်က တတင်း ၁၅,၀၀၀ ကနေ အခု ၃၀,၀၀၀ ကျော်သွားပါပြီ။ မြေသြဇာတအိတ်ကို အရင်က ၆၀,၀၀၀ သာရှိပေမဲ့ အခု ၁၀၀,၀၀၀ ထိ ဖြစ်လာပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စပါးစျေးကို ကုန်သည်တွေက ကစားတာမဟုတ်ဘဲ စပါးပေါလို့ စျေးကျခဲ့တာသာဖြစ်တယ်လို့ စပါးပွဲစားတဦးထံက သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ တာဝန်ရှိသူတွေက ပဲခူးတိုင်း အပါအဝင် တိုင်း ၅ ခုကို ဆန်နဲ့ စပါး သိုလှောင်မှုစာရင်း အခုလမှာ စတင်ကောက်ခံမယ်လို့ ပြောဆိုပြီးနောက် စပါး​စျေးနှုန်း ကျဆင်းသွားတာ ဖြစ်နိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013