DVB Logo
Home
မြန်မာသတင်း
YDF တပ်ဖွဲ့တွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူများနေ၍ ဆေးဝါးအကူအညီ လိုအပ်နေ
DVB
·
July 10, 2023
YDF တပ်ဖွဲ့တွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူများနေ၍ ဆေးဝါးအကူအညီ လိုအပ်နေ
Donate to DVB

မကွေးတိုင်း ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) မှ သင်တန်း ဆရာတွေနဲ့ သင်တန်းသားတွေ ငှက်ဖျားရောဂါအဖြစ် များနေကြပြီး ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့ ပါတယ်။

YDF သင်တန်းဆရာတဦးက "ငှက်ဖျားရောဂါ ဖြစ်ကြရတဲ့ အကြောင်းအရင်းကတော့ ရေမသန့်တာကြောင့် ဖြစ်မယ်ဗျ၊ ချိုးရေအတွက်တောင် ရေကမသန့်တော့ အရေပြားယားယံပြီး ‌ယားနာတွေ ဖြစ်တာရှိတယ်ဗျ။ အဲဒီ ရေမသန့်မှုကြောင့်ပဲ ငှက်ဖျားဖြစ်စေတဲ့ ခြင်တွေ အများဆုံး ပေါက်ဖွားစေတယ်။ ပြီးတော့ ဆင်ခြေထောက် ကာကွယ်ဆေးတွေလည်း သောက်ရတယ်၊ ကျနော်တို့ လေ့လာကြည့်ရသလောက်တော့ ရေကြောင့်လို့ပဲ ထင်ပါတယ်ခင်ဗျာ။ ငှက်ဖျား ဝင်ရောက်နေကြတဲ့ အမျိုးသမီး အချို့ဆို ဆေးခွင့်နဲ့ နားရက်မယူဘဲ ဆလိုင်းချိတ်ပြီး သင်တန်း ပြီးဆုံးအောင် တက်ဖို့ အားခဲနေကြတယ်။ ဒီလိုအခက်အခဲတွေ ရင်ဆိုင်နိုင်မှ မအလတွေကို ကောင်းကောင်း ရင်ဆိုင် တော်လှန်နိုင်ပြီး ပြည်သူတွေကို ကာကွယ်နိုင်မှာလို့ ခံယူချက် ချမှတ်ပြီး စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကျော်ဖြတ်နေကြပါတယ်" လို့ ပြောပါတယ်။

ငှက်ဖျားရောဂါဖြစ်နေတဲ့ ရဲဘော်တွေကို အာဟာရဖြစ်မယ့် အစားအစာတွေ ကျွေးဖို့လိုအပ်သလို၊ ဆေးရည်စိမ်ခြင်ထောင်တွေ၊ Malaria test kit ၊ G6PD test kit၊Chloroquine tablet ၊ ACT (Coartam) tablet၊ primaquine tablet၊ ဆေးဝါးတွေ အဓိက လိုအပ်ပါတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ငှက်ဖျားဖြစ်နေကြတဲ့ ဆရာ‌တွေနဲ့ သင်တန်းသားတွေအတွက် အဓိက ‌ဆေးဝါးတွေအပြင် ဂလူးကိုစ့်နဲ့ ဓာတ်ဆားထုပ်တွေလည်း လိုအပ်နေတယ်လို့လည်း YDF ထံမှ သိရပါတယ်။

ဆက်သွယ်လှူဒါန်းလိုသူတွေအနေနဲ့ ယောကာကွယ်ရေးတပ် YDF ဖေ့စ်ဘွတ်ခ်တဆင့် လှူဒါန်းပေးကြဖို့  YDF က မေတ္တာရပ်ခံ အကူအညီတောင်းခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013