Home
နိုင်ငံတကာ
အယ်ရစ်ထရီးယာပွဲတော်၌ ဆန္ဒပြသူများကြောင့် ရဲတပ်ဖွဲ့ဝင် ၂၆ ဦး ဒဏ်ရာရ
DVB
·
July 10, 2023

ဂျာမနီနိုင်ငံမှာကျင်းပတဲ့ အယ်ရစ်ထရီးယာပွဲတော်မှာ ဆန္ဒပြသူတွေက ကျောက်ခဲတွေ၊ ပုလင်းတွေ၊ မီးခိုးဗုံးတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ဇူလိုင် ၈ ရက် ညပိုင်းကနေ ၉ ရက်နေ့ မနက် အထိ ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆန္ဒပြသူတွေဟာ ရဲအတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့ ကြိုးပမ်းရာမှာ အကာအရံတွေကိုပါ ဖြိုချခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဘက်က ငရုတ်ကောင်း စပရေးနဲ့ နံပါတုတ်တွေကို အသုံးပြုခဲ့ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ရဲတပ်ဖွဲ့ရဲ့ နောက်ထပ် အမှုထမ်းတွေကိုပါ ခေါ်ယူခဲ့ရသလို ဒီပွဲတော်ရဲ့ ဒုတိယမြောက် နေ့မှာလည်း ရဲအရာရှိပေါင်း ၁၀၀၀ နဲ့ စောင့်ကြပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာတော့ အခြေအနေတွေ ငြိမ်သက်နေတဲ့အပြင် ထိန်းချုပ်မှု အောက်မှာ ရှိနေပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ 

ဒီဖြစ်ရပ်အတွင်း ဆန္ဒပြသူပေါင်း ၁၀၀ အထိ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဖြည့်စွက် ပြောပါတယ်။ 

ဂျာမနီနိုင်ငံမှာ အစိုးရမဟာမိတ်အဖြစ် သတ်မှတ်ထားခံထားရတဲ့ အယ်ရစ်ထရီးယား ဗဟိုကောင်စီက ဒီပွဲတော်ကို စီစဉ် ကျင်းပခဲ့တာကြောင့် အငြင်းပွားစရာ ဖြစ်တယ်ဆိုပြီး ဂျာမန် မီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။ 

အယ်ရစ်ထရီးယား လူမျိုးတွေရဲ့ အစိုးရအပေါ် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ထိပ်တိုက်ရင်ဆိုင်ရာကနေ ဒီပဋိပက္ခဖြစ်ပွားခဲ့တာပါ။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာလင်မြို့တော်မှာ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး မေးမြန်းနိုင်ဖို့အတွက် ဟက်စ်ပြည်နယ်ရဲ့  ပြည်ထဲရေး ဝန်ကြီးဖြစ်သူက အယ်ရစ်ထရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024