

မန်ယူနောက်ခံလူ မက်ဂွဲယားဟာ အသင်းခေါင်းဆောင် ရာထူးကနေ တရားဝင် ဖယ်ရှားခံရတော့ မယ်လို့ သိရပါတယ်။
အင်္ဂလန်နောက်ခံလူဟာ မနှစ်က ပရီးမီးယားလိဂ် ၈ ပွဲမှာသာ ပွဲထွက် ကစားခွင့်ရရှိခဲ့ပြီးနောက် ဒုတိယ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကပဲ ပွဲစဉ်အများစုကို ဦးဆောင်လာခဲ့တာပါ။
လာမဲ့ရာသီမှာတော့ မက်ဂွဲယားကို အသင်းခေါင်းဆောင်ရာထူးပေးအပ် တော့မှာမဟုတ်ဘဲ ဖာနန်ဒက်စ်ကိုပဲ တရားဝင်လွှဲပြောင်း ခန့်အပ်တော့မယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။
မက်ဂွဲယားကို မန်ယူအသင်းက ရောင်းချဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပေမဲ့ သူ့ရဲ့လုပ်ခလစာကို ပေးချေဖို့ ခက်ခဲတာကြောင့် ဝယ်ယူနိုင်မယ့်အသင်း မရှိသေးဘဲ ဖြစ်နေတာပါ။
အသင်းမှာ ဆက်ရှိနေမယ်ဆိုရင်တော့ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရမှာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်က ပြောင်းလဲတာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။










