DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်တွင် အမျိုးသား ၂ ဦး အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ
DVB
·
July 10, 2023
ဟုမ္မလင်းမြို့နယ်တွင် အမျိုးသား ၂ ဦး အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ဒေသခံအမျိုးသားနှစ်ယောက်ကို စစ်ကောင်စီတပ်က အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၄ နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

၂၀၂၂ ခုနှစ်  ဇူလိုင် ၈ ရက်က နောင်ခမ်းကျေးရွာမှာ လက်ပစ်ဗုံးတစ်လုံး၊ သေနတ်တစ်လက် ကျည်ဆန်တချို့နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားနှစ်ယောက်ကို  ဇူလိုင် ၅ ရက်မှာ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တာဖြစ်ပါတယ်။

မိသားစုနဲ့ နီးစပ်သူ ဒေသခံတစ်ဦးက "သူတို့ကို နောင်ခမ်းရှမ်းရွာမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လပိုင်းက ဖမ်းသွားတာ။ ပစ္စတိုတစ်လက် လက်ပစ်ဗုံးတစ်လုံးနဲ့ ကျည်ဆန်တချို့ တွေ့လို့ ဖေါက်ခွဲဖျက်ဆီးမယ့် သူတွေဆိုပြီးဖမ်းသွားတာပါ။ ခု တစ်နှစ်နီးပါးပြည့်မှပဲ ပုဒ်မ ၅၄ နဲ့ တရားစွဲပြီး ထောင် ၁၀ နှစ်ချလိုက်တယ်" လို့ ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေကတော့ နောင်ပကျစ်ရပ်ကွက်မှာနေထိုင်တဲ့ ကိုဝေလင်းဦး(ခ) ပါကြီးနဲ့ ထိန်ကင်းကျေးရွာမှာ နေထိုင်တဲ့ ကိုစိုးသန်း(ခ)ပီလုံးတို့ဖြစ်ပြီ သူတို့ နှစ်ယောက်ထံကနေ လက်နက်ခဲယမ်းတွေတွေ့ရှိပြီးနောက် လက်လုပ်မိုင်း ဖေါက်ခွဲဖျက်ဆီးသူတွေလို့ စွပ်စွဲဖမ်းဆီးကာ  တရားစွဲဆိုပြီး ထောင်ချခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း ဟုမ္မလင်းလေဆိပ်အနီး စစ်ဆေးရေးဂိတ်မှာ ကိုလင်းလင်းအောင်ဆိုသူရဲ့ လက်ကိုင်အိပ်အတွင်းက ၅ ဒသမ ၅၆ ကျည်ခွံ တစ်ခု တွေ့ရှိခဲ့လို့ တရားမဝင် ခဲယမ်းကိုင်ဆောင်မှုနဲ့  စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

PHOTO- ဟုမ္မလင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013