

တူရကီသမ္မတ တေယစ်အာဒိုဂန်က မြို့တော်အစ္စတန်ဘူလ်မှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့အပြီးမှာ ယူကရိန်းနိုင်ငံဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ ထိုက်တန်တယ်၊ စစ်ပွဲအဆုံးသတ်ရေးအတွက် ညှိနှိုင်းဖို့ တူရကီအစိုးရက ဆက်လုပ် သွားမယ်လို့ ပြောခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့မှာ ကတည်းက ဇလန်းစကီးဟာ စစ်ပွဲပြီးတာနဲ့ NATO အဖွဲ့၀င်ဖြစ်ဖို့ ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှု ကတိကဝတ်ကို ရရှိခဲ့တာပါ။
အာဒိုဂန်က ဇူလိုင် ၁၇ ရက်မှာ သက်တမ်းကုန်ဆုံးမယ့် ယူကရိန်းစပါးတွေကို ပင်လယ်နက်ကနေ တဆင့် တင်ပို့နိုင်စေမယ့် သဘောတူညီချက်တရပ်ကို ဆက်လုပ်ဖို့ မျှော်လင့်တယ်လို့ အာဒိုဂန်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လာမယ့်လမှာ တူရကီနိုင်ငံကို လာမယ်လို့လည်း အာဒိုဂန်က ဇလန်းစကီးနဲ့အတူ ရှိချိန်မှာ ပြောခဲ့ပါတယ်။
Source-Reuters










