DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးက အကြီးဆုံးမြစ်တစင်းတွင် အနံ့ပြင်းသောအမြှုပ်များဖုံးလွှမ်းနေ
DVB
·
July 9, 2023
ဘရာဇီးက အကြီးဆုံးမြစ်တစင်းတွင် အနံ့ပြင်းသောအမြှုပ်များဖုံးလွှမ်းနေ
Donate to DVB

ဘရားဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းက မြစ်တစင်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အဖြူရောင်တိမ်ပုံစံအမြှုပ်တွေနဲ့ ဖုံးလွှမ်းနေတဲ့အပြင် ဇူလိုင်လ ၇ ရက်၊ သောကြာနေ့မှာ အနိမ့်ပိုင်းကိုပါ စီးဆင်းလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ အရ ဆဲလ်တို(Salto) မြို့ငယ်လေးရဲ့ တီရယ်တေ(Tiete) မြစ် ထဲမှာ အမြှုပ်ထုတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါတယ်။ 

ကီလိုမီတာပေါင်း ၁၀၀၀ ကျော် ရှည်လျားတဲ့ ဒီမြစ်ဟာ ဆော်ပိုလိုပြည်နယ်မှာ အကြီးမားဆုံးဖြစ်ပြီး ဒီပြည်နယ်ရဲ့ အရှေ့ဘက်ကနေ အနောက်ဘက်ကို ဖြတ်သန်းစီးဆင်းနေတာပါ။ 

ဒီလို အနံ့အသက်ပြင်းတဲ့ အမြှုပ်ထုဟာ ဆပ်ပြာမှုန့်အကြွင်းအကျန်တွေနဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေကို ပြန်လည်သန့်စင်တာမျိုး မရှိဘဲ မြစ်ထဲမှာ စွန့်ပစ်ခဲ့ကြတာကြောင့် ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ 

ဘရားဇီးလ် အရပ်ဘက်အဖွဲ့တခုဖြစ်တဲ့ အက်စ်အိုအက်စ် မာတာ အတ္တလန်တီကာ (SOS Mata Atlantica) ကတော့ ၂၀၂၂ ခုနှစ်အတွင်း တီရယ်တေမြစ်ရဲ့ ရေထုညစ်ညမ်းနေတဲ့ အပိုင်းဟာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

၂၀၂၁ ခုနှစ်မှာ ဒီမြစ်ရဲ့ ရေထုညစ်ညမ်းမှု ဧရိယာဟာ ၈၅ ကီလိုမီတာ အထိရှိတယ်လို့ သိရပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013