DVB Logo
Home
မြန်မာသတင်း
 စစ်ခေါင်းဆောင်ကို Tik Tok  ဖြင့်သရော်ခဲ့သည့်  ဆယ်တန်းကျောင်းသူ ၁ ဦး အရေးယူခံရ
DVB
·
July 9, 2023
 စစ်ခေါင်းဆောင်ကို Tik Tok  ဖြင့်သရော်ခဲ့သည့်  ဆယ်တန်းကျောင်းသူ ၁ ဦး အရေးယူခံရ
Donate to DVB

စစ်ကောင်စီခေါင်းဆောင်နဲ့ စစ်တပ်ကို ဆဲဆို သရော်ထားတဲ့ Tik Tok ဗီဒီယိုရိုက်တင်ခဲ့တဲ့ ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ တာပွန်မြို့က ဆယ်တန်းကျောင်းသူတယောက်ကို အရေးယူထားတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

တာပွန်မြို့ အထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ ဆယ်တန်းကျောင်းသူ  မသင်္ဂီကျော်ဟာ Tik Tok ကနေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်သားတွေကို ဆဲဆိုသရော်ခဲ့တယ်ဆိုပြီး သူ့ကို အရေးယူတဲ့အနေဲ့   ဇူလိုင် ၇ ရက်က ကျောင်းမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာလို့ နယ်ခံတယောက်က ပြောပါတယ်။

တာပွန်မြို့ခံတယောက်က "ကလေးမလေးက သူ့ဟာသူ Tik Tok မှာ သူ့သဘောဆန္ဒကို ထုတ်ဖော်တာ၊ သူ့စိတ်က ကလေးစိတ်ဆိုတော့ သူထင်ရာမြင်ရာကိုပြောတာဖြစ်မှာပေါ့၊ အဲ့ဒါကို စစ်ကောင်စီအားပေး တယ်လီဂရမ်ချယ်နယ်တခုက တွေ့သွားပြီး၊ သူ့တယ်လီဂရန်ကနေ မဖမ်းသေးဘူးလား ဘာညာနဲ့ဆိုပြီး လိုင်းပေါ်တင်အော်တော့ တာပွန်က ရဲတွေက၊ သူကျောင်းတက်နေတဲ့ ကျောင်းထဲကို အထိ ရဲနဲ့ စစ်သားတွေ လာဖမ်းသွားတာ။ အဖြူအစိမ်းနဲ့ ကို ဆိုင်ကယ်ပေါ်တင် ခေါ်သွားတာ၊ တာပွန်ရဲစခန်းကို။ နောက် အိမ်က အဖေနဲ့ အမေ တွေကိုလည်း ထပ်လာဖမ်းသွားသေးတယ်။ ညနေ လောက်ကျတော့ ပြည်(ဒကစ) ကတာဝန်ရှိသူတွေ ရောက်လာပြီး၊ ကောင်မလေးကို ကျောင်းမှာပဲ အကျယ်ချုပ်ထားဖို့ အမိန့်ပေးလိုက်တော့၊ ကလေးမလေးကို ကျောင်းကိုပြန်လာပို့သွားပြီး၊ ကျောင်းက ဆရာမတွေ အလှည့်ကျ ညစောင့်ပြီး အိပ်ရမယ်ဆိုပြီး (ဒကစ) က အမိန့်ချသွားလို့ ဆရာမတွေတော့တိုင်ပတ်နေတယ်"လို့ ပြောပါတယ်။

ကျောင်းသူရဲ့ မိဘတွေကိုတော့ ညနေ လောက်မှာ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

လက်ရှိမှာတော့ ကျောင်းသူလေးကိုတော့ ကျောင်းမှာပဲ ဆက်လက်အကျယ်ချုပ်ထားရှိပြီး ဆရာမတွေက တယောက်တရက်စီအလှည့်ကျ ညအိပ်စောင့်ပေးနေရကာ  အထက်က အမိန့်မရမချင်း ကျောင်းမှာပဲ  ထားမယ်လို့  တာပွန်ရဲစခန်းကနေ သိရပါတယ်။ 

စစ်ကောင်စီအားပေး တယ်လီဂရန်ချယ်နယ်ကတော့ ကျောင်းသူလေးဟာ အကြမ်းဖက်အားပေးသူ ဖြစ်တယ်လို့ စွပ်စွဲရေးသားထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့တုန်းကလည်း ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချယ်နယ်ကနေ သတင်းပေးလိုက်တာကြောင့် နတ်တလင်းမြို့နယ်နေ မဝင်းတင်နဲ့ ကိုဘုန်းမြင့် တို့ ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013