
ကလေးငယ်တွေရဲ့ အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ရယူခဲ့တယ်ဆိုတဲ့ တရားစွဲဆိုချက်တွေ ကို ရပ်တန့်ပေးဖို့ ဒေါ်လာသန်း ၄၀၀ ပေးဆောင်ဖို့ Tik Tok က သဘောတူခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်တုန်းက Tik Tok ဟာ အသက် ၁၃ နှစ်အောက် သန်းနဲ့ချီ တဲ့ ကလေးတွေရဲ့ ဒေတာတွေကို မိခင်ကုမ္ပဏီဖြစ်တဲ့ Bytedance က စုဆောင်းခဲ့တာဖြစ်ပါတယ်။
ဒီတရားစွဲဆိုမှုတွေကို ၂၀၂၄ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ Tik Tok သုံးစွဲသူ သန်း ၂၀၀ ကျော်ရှိတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
Tik Tok ကို တရားစွဲတဲ့အချိန်မှာ အမေရိကန်ကို ရောင်းချမဲ့ကိစ္စတွေ လုပ်နေချိန်နဲ့လည်း တိုက်ဆိုင် နေပေမဲ့ ဒီပြဿနာကို တရုတ်အခြေစိုက် သက်ဆိုင်သူတွေကပဲ ရှင်းလင်းရမှာ ဖြစ်ပါတယ်။
ByteDance ကုမ္ပဏီဟာ တဦးတည်းက ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး တန်ဖိုးသတ်မှတ်ချက် ဒေါ်လာ ဘီလီယံ ၅၅၀ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိသဘောတူညီချက်အရ ByteDance ဟာ တရားရေးဌာနကို ဒေါ်လာ သန်း ၃၀၀ ချက်ချင်း ပေးဆောင်ရမှာဖြစ်ပါတယ်။
ကျန်ဒေါ်လာသန်း ၁၀၀ ကို အစိုးရက ၂၀၁၉ ဖက်ဒရယ်ကုန်သွယ်ရေး ဥပဒေအရ တရားစွဲထားမှုကို ဖယ်ရှားပေးတဲ့အချိန်မှာ ပေးချေရမှာဖြစ်ပါတယ်။
အမေရိကန်မှာ ၂၀၀၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဖက်ဒရယ်ဥပဒေအရ ကလေးသူငယ်တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အွန်လိုင်းမှာ ကာကွယ်မှုပြုလုပ်တာဖြစ်ပါတယ်။
ဒီဥပဒေနဲ့ပဲ အမေရိကန်ဟာ Meta ကိုလည်း တရာစွဲဆိုမှု ဒါဇင်နဲ့ချီပြီး ပြုလုပ်ထားပါတယ်။ ကလေးသူငယ်တွေရဲ့ အွန်လိုင်းကိုယ်ရေးကိုယ်တာကာကွယ်ရေးဥပဒေ COPPA အရ Google ရဲ့ Youtube က ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ သန်း ၁၇၀ ပေးဆောင်ခဲ့ရဖူးပြီး Epic Games က ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၂၇၅ သန်း ပေးဆောင်ခဲ့ရဖူးပါတယ်။
လက်ရှိအချိန်မှာ Facebook၊ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ကလည်း ဒီဥပဒေနဲ့ စွပ်စွဲခံထားရပြီး ဒေါ်လာ ဘီလီယံရာချီပြီး ဒဏ်ငွေတပ်ခံရမဲ့ အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
Source:Reuters











