DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ALP အရာရှိ ၁ ဦး နှင့်အပေါင်းအပါ ၃ ဦးကို အေအေက ဖမ်းဆီး
DVB
·
July 8, 2023
မောင်တောတွင် ALP အရာရှိ ၁ ဦး နှင့်အပေါင်းအပါ ၃ ဦးကို အေအေက ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ KTV ဆိုင်ရှင် (ရခိုင်လွတ်မြောက်ရေးပါတီ)ALP အဖွဲ့ဝင်အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက်ကို (ရက္ခိုင့်တပ်တော်)အေအေက ဖမ်းဆီးပြီးနောက် KTV ဆိုင်တွေကို မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနေ့က ည ၁၀ နာရီကျော်လောက်မှာ မောင်တောက KTV ဆိုင်တွေကို မောင်တောခရိုင်ရဲတပ်ဖွဲမှူးနဲ့ အဖွဲ့တွေဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြတယ်လို့သိရတယ်။ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က မောင်တောမြို့က တောင်/မြောင်ကို ပျော်ပွဲစားသွားကြတဲ့ RJ KTV ဆိုင်က ALP တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ မောင်တော ဒေသခံ ၂ ယောက်ကို ရက္ခိုင်တပ်တော်က ဖမ်းဆီးသွားခဲ့တယ်။ ဘာကြောင့်ဖမ်းဆီးသွားလဲတော့ မသိဘူး။ လူအများစုကတော့ အမျိုးမျိုး ထင်ကြေးပေးကြတယ်ဗျ"လို့ ဒေသခံတယောက်က ပြောပါတယ်။

မောင်တော RJ စားသောက် KTV ဆိုင်က ALP အဖွဲ့ဝင်အရာရှိ ၁ ယောက်နဲ့အပေါင်းအပါ ၃ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက မောင်တောမြို့ ၇ မိုင်ကို ပျော်ပွဲစားသွားနေတုန်း အေအေ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် မောင်တောမြို့ရှိ KTV ဆိုင်တွေဖြစ်ကြတဲ့ RJ၊ အေးရွှေနယ်စပ်၊ ရာမောင်သူ၊ စတဲ့ KTV ဆိုင်တွေကို မောင်တောခရိုင်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြတာပါ။

"RJ KTV က နာမည်တော်တော်လေးထွက်လာနေတာဗျ။ အမျိုးသမီးတွေနဲ့ ငွေရှာတဲ့အလုပ်တွေ လုပ်လာကြတော့ တခြား KTV တွေကလည်း သူတို့လိုလုပ်လာကြတော့ ဒီ မောင်တောဒေသက ဘာသာရေး၊ လူမျိုးရေး ထိလွယ်ရှလွယ်အခြေအနေဆိုတော့ ရက္ခိုင်တပ်တော်က RJ KTV ပိုင်ရှင်ရဲ့သား ALP တပ်ဖွဲ့ဝင်အရာရှိနဲ့ နောက် ALP တပ်သားတယောက်၊ သူတို့နဲ့အတူ ပျော်ပွဲစားသွားကြတဲ့ မောင်တောဒေသခံ ၂ ယောက်ကိုပါ ထိန်းသိမ်း စစ်ဆေးဖို့ ခေါ်သွားတာလို့သိရတယ်ဗျ" လို့ ဒေသခံတယောက်က ဆိုပါတယ်။

အေအေက ဖမ်းဆီးသွားသူတွေကတော့ RJ KTV ပိုင်ရှင် ဦးမောင်သိန်းဦးရဲ့သား ကိုချစ်မင်းနဲ့ နွားကုန်သည် ALP တပ်ဖွဲ့ဝင်တယောက်၊  ကိုသန်းလှိုင်(ခ)မောင်ရွှေဘုနဲ့ ကိုခင်မောင်ထွန်းတို့ ဖြစ်ကြပြီး အများပြည်သူနဲ့အတူ ပျော်ပွဲစားသွားတုန်း ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ၊ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

"အခု ရက္ခိုင်တပ်တော်က ထိန်းသိမ်းလိုက်တဲ့ ALP အရာရှိ ကိုချစ်မင်းက ပစ္စတိုတွေ ခါးမှာထိုးပြီး သွားလာနေတယ်လို့ သိရတယ်ဗျ။ သူ့အဖေ ဦးမောင်သိန်းဦးက ALP က ဗိုလ်မှူးကြီးတယောက် ဖြစ်တယ်။ လက်နက်မှုနဲ့ ထောင်တွေကျဖူးတယ်။ အခု RJ စားသောက်ဆိုင်နေရာက အရင်က ထောက်လမ်းရေး ၁၈ အပိုင်၊ အခုတော စစ်ဖက်ရေးရာအဖွဲ့(စရဖ)ကပိုင်တာ။ သူတို့က လုပ်ပိုင်ခွင့်တွေယူပြီး စားသောက်ဆိုင်ဖွင့်တာကြာပြီ။ အခုမှ KTV အဆင့်ဖွင့်ပြီး အမျိုးသမီးတွေနဲ့ ငွေရှာလာတာ။ KTV ကို အလာများတာက မွတ်ဆလင်တွေများတယ်။ မောင်တောမှာက ထိလွယ်ရှလွယ်လေ။ ကြိုထိန်းရမှာပေါ့" လို့ မောင်တောဒေသ ရခိုင်စစ်ရေးလေ့လာသူ တယောက်က ပြောပါတယ်။

အခုလို ရက္ခိုင်တပ်တော်အေအေက ရခိုင်လွတ်မြောက်ရေးပါတီ ALP ကအဖွဲ့ဝင်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ရခိုင်လွှတ်မြောက်ရေးပါတီ ALP နဲ့ ရက္ခိုင်တပ်တော် အေအေဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013