DVB Logo
Home
မြန်မာသတင်း
ကေအဲန်ယူ ညောင်လေးပင်ခရိုင် ၅ ရက်အတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်သေဆုံး
DVB
·
July 8, 2023
ကေအဲန်ယူ ညောင်လေးပင်ခရိုင် ၅ ရက်အတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်သေဆုံး
Donate to DVB

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ထဲမှာ ဇူလိုင် ၁ ရက်ကနေ ၅ ရက်နေ့အထိ ၅ ရက်အတွင်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ ၃ ကသတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲပေါင်း ၉ ကြိမ်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၂ ယောက်သေဆုံး၊ ၂၂ ယောက် ထိခိုက်ဒဏ်ရာရသလို  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၃ လက်အောက်ခံ တပ်က ၁ ယောက်ကျဆုံး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီရက်တွေအတွင်း စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲကို လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့သလို နေအိမ်နဲ့ တဲ ၁၄ လုံး ပျက်စီခဲ့ရသလို နွားတချို့လည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အရပ်သား ၄၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ဆီက ဖုန်းတွေနဲ့ ငွေ ၂၅ သိန်းကျော်ကို အဓမ္မသိမ်းယူခဲ့တဲ့ နေအိမ်တွေ၊ ဆိုင်ကယ်၊ လယ်ထွန်စက်၊ မီးစက်၊ ဝက်ခြံ စတာတွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ရေတွင်းကုန်းကြီး၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ သပြေကုန်း၊ ဝက်တူး၊ အညာစု၊ ငနွားဆိပ်၊ ငဖယ်အင်း စတဲ့ကျေးရွာတွေက ပြည်သူ ၅၀၀၀ လောက်  တိမ်းရှောင်နေပြီး  အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက်ခံ၊ ဒိုးတန်း၊ ကန်ကလေး၊ ရေတွင်းကုန်း၊ သမင်အင်းကုန်း၊ ချွဲတလဲ၊ တလဲဒူး၊ တလဲဆန်း၊ ခိုလှုံ၊ တလဲခင်၊ နံဇ စတဲ့ကျေးရွာတွေနဲ့ အတည်မပြုနိုင်သေးတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013