DVB Logo
Home
မြန်မာသတင်း
ခင်ဦးတွင် ရိက္ခာလုရန်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
July 8, 2023
ခင်ဦးတွင် ရိက္ခာလုရန်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရ
Donate to DVB


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရွာမှာ တပ်စွဲထားတဲ့ ပျူစောထီး အင်အား ၃၀ လောက်ဟာ ဒီနေ့မနက်ပိုင်းမှာ ချမ်းသာကုန်းကျေးရွာနဲ့ အင်းပတ်ကျေးရွာကိုဝင်ရောက်ပြီး ရိက္ခာလုဖို့ ကြိုးစားခဲ့တာကြောင့် ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ရွာသစ်၊ အင်းပတ်စတဲ့ ကျေးရွာတွေက ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ပျူစောထီးတွေကို ခင်ဦးဒေသကာကွယ်ရေးအဖွဲ့ (KSO)နဲ့ ခင်ဦးမြို့နယ် (ပကဖ) ကာကွယ်ရေးအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ရိက္ခာလုဖို့လာတဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရလို့ နောက်ဆုတ်ပြန်ပြေးခဲ့ကြပြီး ဘယ်လောက်ထိခိုက်သေဆုံးတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ ခင်ဦး KSO အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မနေ့ကလည်း ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ခင်ဦး-ရေဦး ကားလမ်း မူးတိမ်ချောင်းတံတားမှာ တပ်စွဲထားတဲ့ ပျူစောထီး အင်အား ၃၀‌ လောက်ဟာ ဒီနေ့ မြကန်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့လို့ မြကန်နဲ့ နီးစပ်ရာကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ရတယ်လို့ မြကန်ကျေးရွာသားတယောက်က ပြောပါတယ်။
ပျူစောထီးတွေဟာ လယ်မှာ နွားချေးမြေသြဇာချနေသူတယောက်နဲ့ တခြားပြည်သူတယောက်ကို ဖမ်းဆီးပြီး တယောက်ကို သတ်ဖြတ်မီးရှို့ခဲ့သလို နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းခံရသူတွေကတော့ အသက် ၅၅ နှစ်အရွယ် ဦးတင်ထူးနဲ့ အသက် ၂၁ နှစ်အရွယ် မောင်သန်းထိုက် တို့ဖြစ်ပြီး မီးရှို့သတ်ဖြတ်ခံရသူက ဘယ်သူဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသ ကာကွယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်၊ ကုန်းကြီးရွာကို ဇူလိုင် ၅ ရက်နေ့မှာ ပစ်ခတ်ဝင်ရောက် စီးနင်း တပ်စွဲခဲ့တာဖြစ်ပြီး ဇူလိုင် ၇ ရက် မနက်မှာ ကုန်းကြီးရွာကထွက်ခွာသွားခဲ့တာပါ။
အင်အား ၁၀၀ ကျော်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ဒေသခံ ၁၀ ယောက်ထက်မနည်းကို ဓားစာခံလုပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကုန်းကြီးရွာနဲ့ နီးစပ်ရွာရွာတွေက ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်သားတွေဟာ ကုန်းကြီးရွာက နေအိမ် ၂၅ လုံးနဲ့ လယ်သစ်တောကျေးရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ခေါင်းဖြတ်မီးရှို့ထားတဲ့ ရုပ်အလောင်းတခုလည်း တွေ့ရတယ်လို့ ကုန်းကြီးဒေသခံ တယောက်က ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်သားတွေဟာ အသားစား ကြက်မွေးမြူရေးခြံ ၁၂ ခြံကိုလည်း မီးရှို့ခဲ့တာကြောင့် အသားစားကြက်ကောင်ရေ ၄၀၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ကြက်ခြံလုပ်ကိုင်သူတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013