

မန်ယူအသင်းဟာ ဂရင်းဝုဒ်ကို တစ်ရာသီအငှားချပေးမယ်ဆိုတဲ့ မက်လုံးပေးပြီး တိုက်စစ်မှူးဟော့ဂျ်လန်းကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
အက်တလန်တာအသင်းဘက်ကလည်း အင်္ဂလန်မှာဆက်ကစားဖို့ အဆင်မပြေဖြစ်နေတဲ့ ဂရင်းဝုဒ်ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
မန်ယူအသင်းဘက်က တိုက်စစ်မှူးဟော့ဂျ်လန်းကိုခေါ်ယူနိုင်ရေးမှာ ဂရင်းဝုဒ်ကို မက်လုံးတစ်ခုအနေနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေတာပါ။
ယူနိုက်တက်အသင်းဟာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေစတင်နေပြီ ဖြစ်ပေမဲ့ ဂရင်းဝုဒ်ကို လေ့ကျင့်ခန်းဆင်းခွင့်မပေးဘဲ စုံစမ်းစစ်ဆေးမှုဆက်လုပ်နေတာပါ။
အက်တလန်တာတိုက်စစ်မှူး ဟော့ဂျ်လန်းကိုခေါ်ယူမယ်ဆိုရင် ပေါင် ၈၆ သန်းလောက် ကုန်ကျနိုင်ပြီး မန်ယူအနေနဲ့ ဂရင်းဝုဒ်ကို တစ်ရာသီအငှားချပြီး ဟော့ဂျ်လန်းအတွက် ပြောင်းရွှေ့ကြေး လျှော့ချဖို့ ရည်မှန်းထားတာပါ။
မန်ယူအသင်းဟာ တခြားပစ်မှတ်ကစာသမားဖြစ်သူ အင်တာမီလန်ဂိုးသမား အိုနာနာကိုတော့ ခေါ်ယူဖို့ သဘော တူညီမူရရှိထားတယ်လို့ သိရပါတယ်။










