မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ်ကွင်းလယ်လူ ချူအာမန်နီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုတော့မယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။
ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်စာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ကစားသမားရဲ့ လုပ်ခလစာ မြင့်မားနေတာနဲ့ ရီးရဲလ်ဘက်က လက်မလွှတ်လိုတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ မနီးစပ်ခဲ့ပါဘူး။
အသက် ၂၆ နှစ်အရွယ်ရှိ ချူအာမန်နီဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ နောက်ထပ် ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုသွားတော့မယ်လို့ Sky Sports News ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။










