DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
July 7, 2023
ဘုတလင်တွင် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ (ဓာတ်ပုံ)
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဇူလိုင် ၇ ရက်က ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် အခမ်းအနားနဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ပြုလုပ်ခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်ကနေ သိရပါတယ်။

ဆဲဗင်းဂျူလိုင် အရေးတော်ပုံဟာ ဗမာပြည် စစ်အာဏာရှင်စနစ်ကို ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး ပထမဆုံး စတင်တိုက်ပွဲဝင်ဆင်နွှဲခဲ့တဲ့ သမိုင်းဝင် တိုက်ပွဲကြီးတရပ်ဖြစ်ခဲ့ပြီး ဆဲဗင်းဂျူလိုင်အရေးတော်ပုံ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို နိုင်ငံတဝန်းအပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေက နှစ်စဉ် ကျင်းပခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင် အဖွဲ့ဝင်တဦးက “ကျနော်တို့ ဗကသများအဖွဲ့ချုပ် အနေနဲ့ အရင်စစ်အစိုးရတွေကနေ အခု မင်းအောင်လှိုင် ဦးဆောင်တဲ့ စကစလက်ထက်အထိ အစဉ်အဆက် ပုံသဏ္ဌာန်မျိုးစုံ လှုပ်ရှားလာခဲ့ကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ အခမ်းအနားနဲ့ သပိတ်စစ်ကြောင်းအတွင်း “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်ကိုင်စွဲကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်တိုက်ဖျက်ကြ”၊ “ဖက်ဆစ်တပ်ကို ဖြိုချ၊ လူ့ဘောင်အသစ်ကို ကြိုကြ” စာသားပါ ဘန်နာတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုပ်ဆော်ရေး လှုပ်ရှားမှုတွေကို အင်အားအလုံးအရင်းနဲ့ ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013