

စပိန်နိုင်ငံ အရှေ့ပိုင်းက ဇာရာဂိုဇာမြို့မှာ ဇူလိုင် ၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် အဓိကလမ်းမကြီးတွေကို ရေလွှမ်းမိုးသွားပြီး မော်တော်ယာဉ်တွေလည်း ရေနစ်မြုပ်သွားခဲ့ပါတယ်။
မိုးရွာသွန်းမှုအဆင့် လိမ္မော်ရောင် သတိပေးချက်အောက်မှာ ဒေသဆိုင်ရာ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေဟာ ဘာထိခိုက်ဒဏ်ရာရမှုကိုမှ အစီရင်ခံရတာ မရှိခဲ့ပါဘူး။
လူပေါင်း ၅၀၀ တင်ဆောင်လာတဲ့ ရထားတစင်းကတော့ ရထားလမ်း ရေလျှံပြီးနောက်မှာ ရပ်တန့်ခဲ့ရတယ်လို့ အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ ဒေသခံတွေကို မလိုအပ်ဘဲ ခရီးသွားတာကို ရှောင်ကြဉ်ဖို့နဲ့ ရေကြီးတဲ့ နေရာတွေကို ဖြတ်သန်းသွားလာခြင်း မပြုဖို့ သတိပေးထားပါတယ်။
Source - Reuters










