DVB Logo
Home
Lead Story
၈၈ အလွန်ကတည်းက ပြည်သူကို ရှုံးနေတဲ့ မင်းအောင်လှိုင်စစ်တပ်
DVB
·
July 7, 2023
၈၈ အလွန်ကတည်းက ပြည်သူကို ရှုံးနေတဲ့ မင်းအောင်လှိုင်စစ်တပ်
Donate to DVB

၁၉၈၈ လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးကနေ ယနေ့ မျက်‌မှောက်ကာလ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်ထိ ပြည်သူလူထုကို အာဏာရှင်စစ်အုပ်စု အလဲလဲအကွဲကွဲနဲ့ ရှုံးနိမ့်နေတာဖြစ်တယ် ။

၈၈ အရေးခင်းအလွန် စစ်တပ်က တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နိုင်ရေး ဉာဏ်နီ ဉာဏ်နက် ဉာဏ်ရောင်စုံသုံးပြီး ခေတ်အဆက်ဆက် တိုင်းရင်းသားဒေသတွေနဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျခဲ့တာတွေကို အသုံးချခဲ့ပြီး စစ်ဗိုလ်တွေ တိုင်းပြည်ကိုဆက်လက်အုပ်ချုပ်နိုင်ရေး ကလိမ်ကကျစ်လုပ်ခဲ့ကြတယ်၊ နာဂစ်ခြေဥက သက်သေပဲဖြစ်တယ် ။

၈၈ အရေးအခင်းပြီးသွားတဲ့နောက် တတ်သိပညာရှင်တွေ သိမြင်နားလည်တဲ့ လူငယ်တွေက အချိန်ပြည့် စစ်တပ်ရဲ့ မတရားချုပ်ကိုင်ထားမှုကို ဝေဖန်ထောက်ပြကာ ကြုံတဲ့နေရာကနေ ရရင်ရသလို ပြည်သူကိုချပြ အသိပေးနေခဲ့ကြတယ်။ တချို့ အသက်တွေ ဘဝတွေနဲ့ကိုရင်းပြီး ပြည်သူကို နိုင်ငံရေးအသိတွေ နိုင်ငံရေးအတွေးအခေါ်တံခါးတွေ ဖွင့်ပေးခဲ့ကြတယ် ။

(ဦးကိုနီ၊ ဦးဂျင်မီ နှင့် တော်လှန်ရေးမှာ အသက်နဲ့ရင်းခဲ့ကြတဲ့ နွေဦးတော်လှန်ရေး အာဇာနည် သူရဲကောင်းတွေကို လေးစားစွာ ဦးညွှတ် အလေးပြုပါတယ်- ဤကားစကားချပ်)

စစ်တပ်ဟာ သူတို့အဖက်ဖက်က အသာစီးယူထားတဲ့ ခြေဥအပြင် တိုင်းပြည်ရဲ့ အရေးပါတဲ့ ဌာနတွေမှာ သူတို့လူတွေထည့်ထားပြီး သရေကွင်းဥပဒေနဲ့ လိုသလိုဖန်တီးအနိုင်ကျင့်ခဲ့ကြတယ်။ သူတို့လူတွေကို လုပ်ပိုင်ခွင့် အခွင့်အဏာပေးထားကြတယ်။ သူတို့ကြောင့်တိုင်းပြည်ဟာ အလုံးစုံပျက်စီးခဲ့ရတယ်။ လုပ်ပိုင်ခွင့်ရ စစ်တပ်ကျောထောက်နောက်ခံနဲ့ ဖြစ်လာတဲ့ အရာရှိဝန်ထမ်းတွေ ကိုယ်ကျိုးစီးပွားအတွက် တရား၏ မတရား၏၊ ကောင်း၏ မကောင်း၏ မစဉ်းစားနိုင်ပဲ အဂတိတရားနဲ့ လာဘ်လာဘတွေကြားမှာ သာယာပျော်မွှေ့ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို လစ်လျှူရှုပြီး အဆင့်ဆင့်လုပ်ဇာတ်ခင်း လိမ်ညာခဲ့ကြတယ်။ အဲ့ဒီ အလိမ်အညာတွေကြောင့် တိုင်းပြည်ကြီး ချောက်ထဲ အကြိမ်ကြိမ်ကျနေရတာပဲဖြစ်တယ် ။

ရွေးကောက်ပွဲမှာလည်း စစ်တပ်ကျောထောက်နောက်ခံပါတီကြီးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုအလိမ်အညာ အစီရင်ခံတင်ပြခဲ့ကြတယ်။ ပါတီဝင်အင်အား ဘယ်နှစ်သိန်းရှိပါတယ်။ ဘယ်တိုင်း၊ ဘယ်ပြည်နယ်၊ ဘယ်မြို့နယ်မှာ ဘယ်လိုတွေ ဆောင်ရွက်ထားပါတယ်။ စစ်တပ်ဘက်လူတွေဟာ အရင်ကလည်းလိမ်တယ်၊ အခုလည်းလိမ်တယ် နောင်လည်းသူတို့ကတော့ လိမ်ညာနေကြမှာဖြစ်တယ်။ အဘတွေကို သေချာပေါက် ဒီရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရမှာ။ အဲ့လိုတွေလိမ်တော့ ပုဇွန်ဦးနှောက်နဲ့ ဘဘများက အဟုတ်ထင်ပြီး သူတို့သေချာပေါက်နိုင်မယ်ထင်ခဲ့ကြတယ်။ မဲ ရလဒ်အဖြေလည်း ထွက်ရော ခွက်ခွက်လန်အောင်ရှုံးပြီဆိုတာနဲ့ တပြိုင်ထဲ၊ သိမ်းလိုက်မယ် ဟိန်းလိုက်မယ် ထိန်းလိုက်မယ်ဆိုပြီး ယုတ်မာရိုင်းစိုင်းတဲ့ လမ်းကြောင်းပေါ် တည့်တည့်ကြီး လျှောက်ကြပါတော့တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့ကလိမ်ကကျစ်လုပ်ပြီး မဲနိုင်သွားတယ် မဲမသမာပါဘူးလို့ စစ်တပ်ဘက်က အသံမထွက်သလို အတိုက်အခံပါတီတွေ ပြည်သူတွေကလည်း ဘာသံမှ ထွက်မလာခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာတော့ အရပ်သားအစိုးရဖြစ်လာမယ့် စစ်တပ်ရဲ့ ပြိုင်ဘက်ပါတီ အန်အယ်လ်ဒီကို ပြည်သူတွေ ပြတ်ပြတ်သားသား ရွေးချယ် မဲပေးပစ်လိုက်ကြတာသောင်ပြို ကမ်းပြိုပါပဲ။ ပြည်သူတွေမဲပေးရကြိုးနပ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ငွေရှင် ကြေးရှင် အာဏာရှင်တွေသာအသုံးပြုနိုင်တဲ့ တယ်လီဖုန်းတွေ အင်တာနက်လူမှုကွန်ရက်တွေမှာ  ပြည်သူတွေမှာ ထိတွေ့မြည်းစမ်းခွင့်တွေရကြပြီး ပြည်သူတွေမှာ ရင်နာနာနဲ့ ငါတို့လူဖြစ်ရှုံးခဲ့ပါလားလို့ ပြည်သူတွေမှာ သိမြင်ခံစားသွားကြတော့တယ် ။

အဲ့ဒီကာလအတွင်း လူထုခေါင်းဆောင် ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ် ကြိုးစားမယ်ဆိုရင် ၁၀ နှစ်နဲ့ စင်္ကာပူနိုင်ငံကို ကျော်တက်မယ်လို့ ဆိုခဲ့တယ် နလပိန်းတုံးတွေက အဲ့စကားကို လှောင်ပြောင်သရော်ခဲ့ကြတယ် အမှန်က ပြည်သူလူထု ၂၀၂၁ ရွေးကောက်ပွဲအတွက် ဝင်္ကဝုတ္တိနဲ့ လှုပ်နှိုးလိုက်တာဖြစ်တယ်။

၂၀၁၅ မှာအနိုင်ရပြီး နိုင်ငံရဲ့ လမ်းပမ်းဆက်သွယ်ရေး ပညာရေး ကျန်းမာရေးသိသာ‌တဲ့ ပြောင်းလဲတိုးတက်မှုတွေရှိလာတာကို ပြည်သူတွေ လက်တွေ့သိ မြင်လာကြတယ်။ တကယ်လို့ နောက်ထပ် ၅ နှစ်လောက် အရပ်သားအစိုးရက ဆက်လက်အုပ်ချုပ်ခွင့်ရခဲ့ရင် ပြည်ပနိုင်ငံတွေကို ထွက်အလုပ် လုပ်စရာမလိုပဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာရင် အလုပ်အကိုင်ရှားပါးမှုပြဿနာနည်းသွားပြီး အစစအရာရာ တိုးတက်ပြောင်းလဲလာမှာကို ပြည်သူတွေသိမြင်ခဲ့ကြပြီ။ ဒါကြောင့် နောက်ထပ် ၅ နှစ် အရပ်သားအစိုးရဖြစ်နဲ့ နိုင်ငံတော်ကို ဦးဆောင်နိုင်ရန် ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးကြားထဲက မနက်မိုးမလင်းခင်ထဲ သက်ဆိုင်ရာမဲရုံကို အရောက်သွားပြီး အားကြိုးမာန်တက် နောက်ထပ် ၅ နှစ်သက်တမ်းအတွက် မဲပေးရွေးချယ်ခဲ့ကြတယ်။ ဒီအကြိမ်က နိုင်ငံအတွက် အပြောင်းအလဲ အပြည့်ပဝပေးမယ့်နှစ်လို့ ပြည်သူတွေ အကြွင်းမဲ့ ယုံကြည်ခဲ့ကြပါတယ် ။

ပြည်သူ‌လူထုရဲ့ ယုံကြည်မျှော်လင့်ချက်ကို မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ ရိုက်ချိုးဖျက်ဆီးခံလိုက်ရတယ်။ ပြည်သူတွေမှာ မျှော်လင့်ချက်မဲ့သွား ပြီဆိုတဲ့အသိနဲ့ လမ်းမတွေပေါ် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုရင်း နွေဦးတော်လှန်ရေးကြီး စတင်ခဲ့ပါတော့တယ်။

၈၈ အရေးအခင်းအပြီး စစ်တပ်က မတရားအနိုင်ယူပြီးနောက် ယနေ့အခင်းကျင်းမျိုးဖြစ်ပေါ်လာရင် အနိုင်ယူနိုင်ရေး ဘာသာရေးနဲ့ ဆက်နွှယ်ကာ အမျိုးဘာသာ သာသနာဆိုတဲ့ အဖွဲ့တွေ ပြည်သူ့စစ်ဆိုတဲ့အဖွဲ့တွေ တိုင်းရင်းသားဒေသတွေမှာ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေ လူထုတော်လှန်ရေးဖြစ်ပေါ်လာမှာကို ကြောက်ပြီး ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ ဘာကြောင့်အဲ့လိုအဖွဲ့တွေ ဖွဲ့ထားသလည်းဆိုရင် ပြည်သူကိုသူတို့ကြောက်လို့ပဲ ကြောက်တာကိုက သူတို့ရှုံးနေပြီ။ လက်ရှိ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်မှာလည်း စစ်တပ်လက်အောက်ခံ မဘသ ဘုန်းကြီးတွေ ဦးဆောင်စေပြီး လက်နက်တပ်ဆင်ပေးကာ ပျူစောထီးအဖြစ်နဲ့ ပေါ်ထွက်လာသလို သွေးသောက်ဆိုပြီး လက်မရွံ့ လူသတ်သမားတွေနဲ့ ဖွဲ့စည်းပေးခဲ့ပြန်တယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့လူ မဟုတ်ပါဘူးလို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဗြောင်လိမ်စကား ဆိုထားပါတယ်။ အဲ့ဒါပြည်သူကိုကြောက်လို့ တော်လှန်ရေးကို မယှဉ်နိုင်လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပြည်သူတွေအပေါ် အိမ်ကြက်ခြင်း အိုးမည်းသုတ်ကာ ရက်စက်ယုတ်မာခြင်းဖြစ်တယ် ။

တော်လှန်ရေးပြင်းထန်တဲ့ နေရာဒေသတွေမှာ မင်းအောင်လှိုင်ရဲ့ စစ်သားက ၁၀ ယောက် ၁၅ ယောက်လောက်ပဲပါပြီး ပျူစောထီး၊ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်အဖွဲ့တွေနဲ့သာ စစ်ကြောင်းထိုး စစ်တိုက်နေရတယ်။ မင်းအောင်လှိုင်စစ်တပ်မှာ စစ်သားက အဝင်မရှိ အထွက်သာရှိပြီး တပ်သားဟောင်းကုန်လို့ တပ်သားသစ်အဝင်မရှိ စစ်သည်အင်အား အင်မတန်နည်းပါးနေပြီဆိုတာ ထင်ရှားတဲ့ သက်သေသက်က္ကာယမို့ မင်းအောင်လှိုင်စစ်တပ်ဟာ ပြည်သူကို အရင်ကတည်းက ရှုံးနေပြီး အခုလည်းရှုံးနေတယ် နောင်လည်း ရှုံးနေမှာမို့ ပြည်သူတွေနိုင်တယ်။ နောင်တချိန်မှာ မင်း‌အောင်လှိုင်စစ်တပ်က စစ်သားဆိုတာနဲ့ ပြည်သူတွေက တံတွေးနဲ့ ဝိုင်းထွေးကြပါလိမ့်မယ်။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013