

ဘရိုက်တန်အသင်းဟာ ကွင်းလယ်လူကိုင်ဆယ်ဒိုအတွက် ပေါင်သန်း ၁၀၀ ကျော်ပေးချေဖို့ ချဲလ်ဆီးအသင်းကို တောင်းဆိုထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ပေါင် ၁၀၅ သန်းနဲ့ ရောင်းချနိုင်ခဲ့ပြီးနောက်မှာ ဘရိုက်တန်ကလည်း အလားတူ ပြောင်းရွှေ့ကြေးအလိုရှိနေတာပါ။
ချဲလ်ဆီးအသင်းဟာ အသက် ၂၁ နှစ်ရှိ အီကွေဒေါကွင်းလယ်လူ ကိုင်ဆယ်ဒိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားပေမဲ့ ဘရိုက်တန်နဲ့ ပြောင်းရွှေ့ကြေး ညှိနိူင်း နေရတာပါ။
ဘရိုက်တန်အသင်းအနေနဲ့ ကိုင်ဆယ်ဒိုရဲ့တန်ကြေးဟာ ဒက်ကလန်ရိုက်စ်နဲ့ တန်းတူရှိတယ်လို့ ယုံကြည်ထားပြီး ပေါင်သန်း ၁၀၀နဲ့ အထက်ပေးချေမှသာ ရောင်းချဖို့ရှိကြောင်း တယ်လီ ဂရပ်ဖ် သတင်းမှာဖော်ပြပါတယ်။
ချဲလ်ဆီးဘက်က ပေါင်သန်း ၆၀ နဲ့သာ ကနဦးကမ်းလှမ်းခဲ့တာဖြစ်ပြီး ပယ်ချခံထားရတာ ဖြစ်ပါတယ်။










