DVB Logo
Home
အားကစား
အင်္ဂလန် ချန်ပီယံရှစ်ကလပ် မီဝေါအသင်းပိုင်ရှင် ကားတိုက်မှုဖြစ်ပြီး သေဆုံး
DVB
·
July 6, 2023
အင်္ဂလန် ချန်ပီယံရှစ်ကလပ် မီဝေါအသင်းပိုင်ရှင် ကားတိုက်မှုဖြစ်ပြီး သေဆုံး
Donate to DVB

အင်္ဂလန်ချန်ပီယံရှစ်ကလပ် မီဝေါအသင်းရဲ့ ပိုင်ရှင်နဲ့ ဥက္ကဋ္ဌ  ဂျွန်ဘာရယ်ဆန်ဟာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဖော်မောက်မှာ ကားတိုက်မှုဖြစ်ပြီး ဒဏ်ရာများစွာနဲ့ သေဆုံးခဲ့တယ်လို့ ဇူလိုင် ၅ ရက်မှာ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

ဂျွန်ဘာရယ်ဆန် လိုက်ပါလာတဲ့ကားဟာ ဇူလိုင် ၄ ရက်မှာ အဝေးပြေးလမ်းမပေါ်က သစ်ပင်တပင်ကို ဝင်တိုက်ခဲ့တာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖယ်မောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပုဂ္ဂလိကအစုရှယ်ယာကုမ္ပဏီ Chestunt Hill Ventures LLC ရဲ့ စီအီးအိုဖြစ်တဲ့ ဂျွန်ဘာရယ်ဆန်ဟာ ကြေကွဲဖွယ် မတော်တဆမှုကြောင့် သေဆုံးခဲ့တယ်လို့ မီဝေါအသင်းက ထုတ်ပြန်ခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကို ပြောကြားခဲ့ခြင်းမရှိပါဘူး။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်ချုပ် ဘရစ်က  “ဂျွန်ဘာရယ်ဆန် သေ​ဆုံးမှုအတွက် မိသားစုနဲ့ အသင်းနဲ့ ဆက်စပ်တဲ့သူ အားလုံးကို ဝမ်းနည်းမိကြောင်း ပြောချင်ပါတယ်။ ဂျွန်ဟာ မီဝေါအလွန်ချစ်ခင်ရတဲ့ ပိုင်ရှင်နဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ မယိမ်းယိုင်သောပံ့ပိုးမှုနဲ့ ကြီးကြပ်မှုကို ပေးဆောင်ခဲ့တဲ့အတွက် လွမ်းဆွတ်မိနေမှာပါ” လို့ ပြောပါတယ်။

အသက် ၇၀ နှစ်အရွယ် ဂျွန်ဘာရယ်ဆန်ဟာ ၂၀၀၆-၀၇ ရာသီမှာ မီဝေါအသင်းရဲ့ပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။

Source - Guardian

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013