DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဖက်ဒရယ်ကျောင်း Grade-7  Telegram Group ပေါက်ကြား
DVB
·
July 6, 2023
ရန်ကုန်ဖက်ဒရယ်ကျောင်း Grade-7  Telegram Group ပေါက်ကြား
Donate to DVB

ရန်ကုန်ဖက်ဒရယ်ကျောင်းမှာ တက်ရောက်ပညာသင်ယူနေတဲ့ Grade-7 ကျောင်းသားကျောင်းသူ အဖွဲ့ဝင် ၁၀၂ ယောက် ဝန်းကျင်ရှိတဲ့ Telegram Group တခုကို ဇူလိုင် ၅ ရက်က စစ်ကောင်စီ လက်ဝေခံ တယ်လီဂရမ်ချန်နယ်တွေကနေ ဖော်ထုတ်ပြီး ကျောင်းသားမိဘတွေကို သတိပေး ခြိမ်းခြောက်နေတယ်လို့  အခြေခံပညာရေးလုပ်သားသမဂ္ဂများကနေ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြထားတဲ့ ကျောင်းလှုပ်ရှားမှုပုံ၊ တယ်လီဂရမ် အကောင့်တွေ၊ ကုတ်နံပါတ် ပေါက်ကြားမှုတွေဟာ အခုလည်ပတ်နေတဲ့  Group တွေ၊ ကျောင်းစာရင်းတွေ ပေါက်ကြားတာမဟုတ်ကြောင်းနဲ့ ပေါက်ကြားခဲ့တဲ့ Group ကိုလည်း ဇွန် ၃ ရက်နေ့ကတည်းက ဖျက်သိမ်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

အခြေခံပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲ ဦးဆောင်ကော်မတီ၊ ဗဟိုကော်မတီဝင် ကိုနောင်ချိုက “အဓိကကတော့ ကျောင်းသားလက်ခံတဲ့အပိုင်းမှာ စိစစ်ရခက်တဲ့ အခြေအနေတွေရှိပါတယ်။ လုံခြုံရေးအရ အချက်အလက်အသေးစိတ် တောင်းလို့မရတဲ့အခါ၊ အမည်အရင်း အသုံးပြုလို့ မရတဲ့အခါမှာ စစ်ကောင်စီဘက်က ဒလန် ဆိုတာကို စိစစ်ရခက်ပါတယ်။ ဒလန် ပါလာတဲ့အခါ Group တွေကို Screen shot တင်ပြီး ခြိမ်းခြောက်တာပါ။ အစိုးရိမ်မလွန်ကြဖို့ါဘဲလိုပါတယ်။ အစောကတည်းက လုံခြုံရေးအရ အချက်အလက် အသေးအစိတ်ကို ကောက်ယူထားခြင်း မရှိပါဘူး၊ ဒလန် ဖော်ထုတ်နေချိန်ကာလအတွင်းမှာ အရေးကြီးဆုံးက တဦးချင်းကြားမှာ လုံခြုံရေးအသိနဲ့ သတိထားဆက်ဆံကြဖို့ပါပဲ” လို့ ပြောပါတယ်။ 

အရေးပေါ် တုံ့ပြန်ချက်အနေနဲ့လည်း ကျောင်းသားတွေရဲ့ လုံခြုံရေးဆိုင်ရာ ထုတ်ပြန်ခြင်း၊ ပေါက်ကြားခဲ့တဲ့ Grade-7 ကျောင်းသားကျောင်းသူတွေကို တယ်လီဂရမ်ဆိုင်ရာ လုံခြုံရေးဆောင်ရွက်ထားပြီး၊ Group တွေ ဖျက်သိမ်းတာ၊  ဆရာ ဆရာမတွေအတွက် လုံခြုံရေးဆိုင်ရာ သတိပေး ဆောင်ရွက်ထားတယ်လို့ ရန်ကုန်ဖက်ဒရယ်ကျောင်းဘက်က အသိပေး ထုတ်ပြန်လာပါတယ်။

၂၀၂၂ ခုနှစ် မေလ ၃၀ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်ဖက်ဒရယ်ကျောင်းဟာ စစ်ကျွန်ပညာရေးကို သပိတ်မှောက် တော်လှန်နေတဲ့ ကျောင်းသားကျောင်းသူတွေ ပညာသင်ကြားနိုင်မှု အဆက်မပြတ်စေရန်အတွက် ကြားကာလပညာရေးကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်မှာဖွင့်တဲ့ ကျောင်းတွေမှာ မတက်ရောက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေ ဖွင့်တဲ့ ကျောင်းတွေ၊ NUG အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက မြေပြင်မှာ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ တက်ရောက်နေကြတာကြောင့် စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖမ်းဆီးနှောင့်ယှက်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013