DVB Logo
Home
အားကစား
မေဆန်မောင့်ကို ရောင်းချခဲ့သည့် ချဲလ်ဆီးအသင်း နောင်တရလိမ့်မည်ဟု ဖာဒီနန် သုံးသပ်
DVB
·
July 6, 2023
မေဆန်မောင့်ကို ရောင်းချခဲ့သည့် ချဲလ်ဆီးအသင်း နောင်တရလိမ့်မည်ဟု ဖာဒီနန် သုံးသပ်
Donate to DVB

ကွင်းလယ်ကစားသမား မေဆန်မောင့်ကို မန်ယူအသင်းဆီ ရောင်းချခဲ့တဲ့အပေါ် ချဲလ်ဆီးအသင်း အနေနဲ့ နောင်တရလိမ့်မယ်လို့ နောက်ခံလူဟောင်း ဖာဒီနန်က ပြောပါတယ်။

အင်္ဂလန်ကွင်း လယ်ကစာသမားဟာ ချဲလ်ဆီးကနေ ပေါင်သန်း ၆၀နဲ့ ပြိုင်ဘက် မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။

မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းကို ချီးကျူးရမှာဖြစ်ပြီး မောင့်ဟာ အသင်းလူစာရင်းဆီကို မတူညီတဲ့အားဖြည့်တင်းမှုဖြစ်လာမယ်လို့ ဖာဒီနန်ကပြောပါတယ်။

“မေဆန်မောင့်ဟာ အသင်းအတွက် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ၊ အလုပ်ကြိုးစားမှုတွေနဲ့ ပြိုင်ဘက် ဂိုးပေါက်ထဲကို ဆွဲယူပြေးလွှားနိုင်မှုတွေ ယူဆောင်လာပါလိမ့်မယ်။ ချဲလ်ဆီးအသင်းအနေနဲ့ သူ့ကို ရောင်းချလိုက်တဲ့အတွက် အမှန်တကယ်နောင်တရနေလိမ့်မယ်လို့ ထင်ပါတယ်”လို့ ဖာဒီနန်က ပြောပါတယ်။

ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမား မေဆန်မောင့်ဟာ ၂၀၁၉ ကနေ ၂၀၂၃ ခုနှစ်အထိ အသင်းအတွက် စုစုပေါင်း ၁၉၅ ပွဲ ကစားပေးခဲ့ပြီး ၃၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013