DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ကမမောင်း-ဖာပွန် ကုန်းနှင့်ရေလမ်း ပိတ်ထားသဖြင့် ဒေသခံများ အခက်တွေ့
DVB
·
July 5, 2023
စစ်တပ်က ကမမောင်း-ဖာပွန် ကုန်းနှင့်ရေလမ်း ပိတ်ထားသဖြင့် ဒေသခံများ အခက်တွေ့
Donate to DVB

ကမမောင်း-ဖာပွန်သွားကားလမ်းကို ကုန်းလမ်းရော ရေလမ်းပါ ပိတ်ထားတဲ့အတွက် ဖာပွန်မြို့မှာနေထိုင်တဲ့ ဒေသခံပြည်သူတွေဟာ စားသောက်ရေးအပြင် ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီ၊ နယ်ခြားစောင့် (BGF) တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် ၂၀၂၁ ခုနှစ် ဧပြီလကစတင်ပြီး ကမမောင်း-ဖာပွန်သွား ကုန်းလမ်း ရေးလမ်းတွေကို စစ်ကောင်စီဘက်က ပိတ်ထားတာဖြစ်ပြီး အခုလို လမ်းတွေ ပိတ်ထားတဲ့အတွက် ဖာပွန်မြို့ခံ ပြည်သူတွေဟာ စားသောက်ရေးအပြင် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာပါ။

ကမမောင်း-ဖာပွန် သွားရောက်ရာမှာ လူနဲ့ ကုန်စည်တွေကို ဆိုင်ကယ်နဲ့ တောလမ်းကနေ သွားလာနေရတဲ့အတွက် လူတယောက် ကျပ် ၂ သိန်း၊ ကုန်စည် ၁ ပိသာ ၃,၀၀၀ ကျပ်နဲ့ သွားလာနေရပါတယ်။

ဒေသခံတဦးက “လမ်းတွေက အခုထိပိတ်ထားတယ်။ ကျနော်တို့ကတော့ လမ်းကို ပြန်ဖွင့်စေချင်တယ်။ ကျန်းမာရေးရှိတယ်။ ကုန်ဈေးနှုန်းတွေလည်း တအားမြင့်တက်တယ်။ နောက်ပြီး မိုင်းထိတဲ့သူတွေ အများကြီး။ တဖက်ပြတ်တဲ့သူ၊ နှစ်ဖက်ပြတ်တဲ့သူ ဖာပွန်က အရပ်သားတွေ။ ကမမောင်းဆေးရုံမှာ ရောက်နေတယ်။ ထင်းသွားခုတ်တဲ့သူ၊ ဟင်းသီးဟင်းရွက် ရှာစားတဲ့သူတွေ။ မရှိဆင်းရဲသားတွေပဲ အများအားဖြင့် မိုင်းထိတာ” လို့ ပြောပါတယ်။

ဖာပွန်မြို့အနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတာ၊ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် မြို့ခံပြည်သူတွေနဲ့ အနီးအနားကျေးရွာက ပြည်သူတချို့ဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ အနီးအနားက ဆွေမျိုးတွေရှိရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ ဒေသခံပြည်သူတွေဟာ ဖုန်းလိုင်းဖြတ်တောက်တာ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013