

မက္ကဆီကိုရေတပ်ဟာ ဇူလိုင် ၃ ရက်က တောင်ပိုင်း ဂရဲရိုး ပစိဖိတ်ကမ်းရိုးတန်းမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးအတွင်း စပိဘုတ် ၃ စီးဆီကနေ ကိုကင်း ကီလိုဂရမ် ၂,၄၀၀ ကျော် (၅,၂၉၁ ပေါင်) ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဝေဟင်ထောက်လှမ်းရေး ဗွီဒီယိုဖိုင်မှာ လူတွေ လှေပေါ်ကဆင်းပြီး ကုန်းမကြီးဆီ ပြေးသွားတာကို ပြထားပါတယ်။
မက္ကဆီကိုရေတပ်ဟာ ပင်လယ်ကူးသင်္ဘောတွေကနေ တဆင့် သင်္ဘောတစီးကို ၇ နာရီကြာ ခြေရာခံလိုက်ခဲ့ပြီးနောက်မှာ ခုလို မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာပါ။
သင်္ဘောသားတွေဟာ သူတို့ကို ဖမ်းဆီးနိုင်ဖို့ လိုက်နေတဲ့ ဒီစစ်ဆင်ရေးကို သတိပြုမိပြီးနောက်မှာ ထွက်ပြေးသွားကြတယ်လို့ ရေတပ်က ပြောပါတယ်။
အာဏာပိုင်တွေဟာ မူးယစ်ဆေးဝါးသင်္ဘောတွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ မက္ကဆီကိုရဲ့ ရှေ့နေချုပ်ကို အစီရင်ခံ တင်ပြခဲ့ကြပါတယ်။










