DVB Logo
Home
နိုင်ငံတကာ
အစ္စရေးစစ်တပ်က ဂျန်နင်းန်စစ်ဆင်ရေးကို အပြီးသတ်နေဟု ဝန်ကြီးချုပ် နေတန်ယာဟု ပြော
DVB
·
July 5, 2023
အစ္စရေးစစ်တပ်က ဂျန်နင်းန်စစ်ဆင်ရေးကို အပြီးသတ်နေဟု ဝန်ကြီးချုပ် နေတန်ယာဟု ပြော
Donate to DVB

ပါလက်စတိုင်း အနောက်ဘက်ကမ်းရှိ ဒုက္ခသည်စခန်းနဲ့ စခန်းတွင်းရှိ စစ်သွေးကြွအဖွဲ့တွေရဲ့ လက်နက်တွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတဲ့ ဂျန်နင်းန်စစ်ဆင်ရေးကို အစ္စရေးစစ်တပ်က အပြီးသတ်နေတယ်လို့ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဂျန်နင်းန်မြို့အနီးရှိ စစ်ဆေးရေးဂိတ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အစ္စရေးဟာ ဂျန်နင်းန်စစ်ဆင်ရေးကို တနင်္လာနေ့ အစောပိုင်းမှာ ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ကို တပ်ဖြန့်ထားပါတယ်။

ဇူလိုင် ၄ ရက်မှာလည်း အစ္စရေးစစ်တပ်က စစ်ဆင်ရေး ဒုတိယမြောက်နေ့အဖြစ် ဆက်လက်စီးနင်းခဲ့ရာမှာ ပါလက်စတိုင်း ၁၀ ဦး သေဆုံးပြီး အယောက် ၁၀၀ လောက် ဒဏ်ရာရခဲ့တဲ့အထဲမှာ အယောက် ၂၀ လောက်က စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

“အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂျန်နင်းန်မှာရှိတဲ့ အဆောက်အဦတွေ၊ မော်တော်ကားတွေ၊ နေအိမ်တွေကို ထိမှန်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်းနဲ့ ဖောက်ခွဲရေးဗုံးတွေကို ရှာဖွေဖို့အတွက် နေအိမ်တွေကို ဘူဒိုဇာတွေနဲ့ ဖြိုချခဲ့လို့ ပါဝါကြိုးတွေနဲ့ ပင်မရေပိုက်တွေကို ဖြတ်တောက်ပစ်လိုက်တာကြောင့် ဒုက္ခသည်စခန်းတွင်းနဲ့ မြို့တွင်းနေရာ တချို့မှာ လျှပ်စစ်နဲ့ ရေပေးဝေမှု ပြတ်တောက်သွားခဲ့တာ ၂ ရက် ရှိသွားပါပြီ” လို့ ဂျန်နင်းန်မှ ပါလက်စတိုင်း ဥပဒေပြုကောင်စီ အဖွဲ့ဝင် ရှာမီ အလ်ရှာမီက ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဗလီတခုအောက်ရှိ ဥမင်လိုဏ်ခေါင်းတခုမှာ ဝှက်ထားတဲ့ မြေအောက်ဖောက်ခွဲရေးပစ္စည်း အများအပြားကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပါလက်စတိုင်းတွေက အစ္စရေးကို စစ်ရာဇဝတ်မှုလို့ စွပ်စွဲနေချိန်မှာ ဂျန်နင်းန်မြို့လယ်အနီးမှာ လူပေါင်း ၁၀,၀၀၀ ကျော် နေထိုင်နေတဲ့ ဒုက္ခသည်စခန်းဟာ အကြမ်းဖက်မှုအတွက် ခိုလှုံရာဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

ဂျန်နင်းန်မှာ အစ္စရေးစစ်တပ်ဟာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့အတွက် ဒရုန်းတွေကို လွှတ်တင်ထားလို့ ဒရုန်းတွေဟာ ခေါင်းတွေပေါ်မှာ ဝဲပျံနေပြီး ဒုက္ခသည်စခန်း အနီးမှာလည်း ဟားမတ်စ်၊ အစ္စလာမ္မစ်ဂျီဟတ်နဲ့ ဖာတာ အပါအဝင် စစ်သွေးကြွအဖွဲ့တွေက တိုက်ခိုက်ရေးသမားတွေဟာ အတားအဆီးတွေကို အခိုင်အခံ့ လုပ်နေကြပြီး အစ္စရေးစစ်တပ်ရဲ့ ပုံမှန်စီးနင်းမှုကို တန်ပြန်ဖို့ စခန်းတွေကို စောင့်ကြပ် ကြည့်ရှုနေကြပါတယ်။

ပါလက်စတိုင်း လခြမ်းနီအဖွဲ့ဟာ ဂျန်နင်းန် ဒုက္ခသည်စခန်းက လူပေါင်း ၃,၀၀၀ လောက်ကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတွေနဲ့အတူ ကယ်ထုတ်ခဲ့ပြီး လူဦးရေထူထပ်တဲ့ ဧရိယာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှု အတိုင်းအတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013