DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းသင့် ကျောက်တော်ဒေသခံများ လုံလောက်သည့်အထောက်အပံ့မရသဖြင့် အခက်ကြုံ
DVB
·
July 5, 2023
မုန်တိုင်းသင့် ကျောက်တော်ဒေသခံများ လုံလောက်သည့်အထောက်အပံ့မရသဖြင့် အခက်ကြုံ
Donate to DVB

မိုခါမုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲမှာ အခုအချိန်အထိ လုံလောက်တဲ့ အထောက်အပံ့တွေမရတာကြောင့် အိမ်တွေတောင် မမိုးနိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် အိမ်တချို့လုံးဝ ပျက်စီးခဲ့သလို အများစုကတော့ အမိုးတွေပျက်စီးခဲ့ပြီး ဒေသတွင်းဈေးကြီးတာရော အထောက်အပံ့တွေမရတာရောကြောင့် အခုအချိန်ထိ ပြင်ဆင်လို့ မပြီးနိုင်ကြသေးတာပါ။

ကျောက်တော်မြို့နယ်ထဲက အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ရွာတရွာမှာ အဟောင်းအသစ်ရောရာ သွပ်ပြား ၂၄၀ ကျော်ပဲရပြီး မဲနှိုက်ဝေငှခဲ့ရပါတယ်။

“တချို့ကတော့ မိုးကာတွေနဲ့ မိုးထားကြတယ်။ ပြည်နယ်ကပေးတယ်ဆိုတဲ့ သွပ်ပြားတွေကို မြို့ပေါ်မှာ သွားထုတ်ကြရတယ်။ ပထမအကြိမ်က သွပ်ပြား ၄၁ ချပ်၊ နောက်နှစ်ကြိမ်ကတော့ အချပ် ၁၀၀ စီ။ အဲဒီအထဲမှာ အဟောင်းက တဝက်စီပါတယ်။ ရလာသမျှကို မဲနှိုက်ပြီးပေးရတယ်။ မဲပေါက်တဲ့အိမ်က တချပ်ရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

နောက်ထပ်ရွာတရွာမှာလည်း သွပ်ပြားအဟောင်းအသစ်တွေ၊ ဖန်ခွက်၊ ပုဆိုးနဲ့ ထမီ ၁၀ ထည်လောက်နဲ့ စားသောက်စရာတချို့ရတယ်လို့ သိရပါတယ်။

“ဆီက တပိဿာခွဲဘူး ၂၄ ဘူးရတယ်။ ခေါက်ဆွဲခြောက် ၄၊ ၅ ဖာရတယ်။ ပြီးတော့ ဖန်ခွက်တွေလည်းပါတယ်။ မဲနှိုက်ပြီးဝေရတာပေါ့။ တချို့က ဖန်ခွက်တခွက်၊ တချို့က ခေါက်ဆွဲ ၅ ထုပ်၊ တခြားပတ်ဝန်းကျင်ရွာတွေမှာလည်း ဒီအတိုင်းပါပဲ။ ဆန်ကတော့ ၃ ကြိမ်ရပြီ၊ တကြိမ်ကို အိတ် ၂၀ ရတယ်” လို့ ဒေသခံက ပြောပါတယ်။

ဆန်ဈေးကတော့ အရင်က တအိတ်ကို ၄၅,၀၀၀ လောက်ရှိပြီး အခုတော့ ၆၅,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာတွေမှာပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကိုလည်း ဒေသခံတွေကပဲ ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းပြီးခါစမှာ ကုန်ဈေးနှုန်းတွေ အဆမတန်တက်ခဲ့ပြီး အခုတော့ ပြန်ကျလာတယ်ဆိုပေမယ့် အရင်ကထက်တော့များနေသေးတာပါ။ သွပ်ပြားဈေးအနိမ့်ဆုံး တပေကို ၁,၅၀၀ ကျပ် ဝန်းကျင်ရှိပြီး သွပ်ရိုက်သံ တပိသာကို ၉,၀၀၀ ဝန်းကျင်ရှိနေပါတယ်။ အိမ်မိုးဓနိကလည်း အချပ် ၁၀၀ ကို အရင်က ၇,၀၀၀ ဝန်းကျင်ပဲရှိပေမယ့် အခုတော့ ၁၅,၀၀၀ ဝန်းကျင်ဖြစ်နေလို့ မတတ်နိုင်ကြသူတွေအနေနဲ့ အိမ်ပြင်ဆင်ဖို့ ခက်ခဲနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013